Chapter 4

3.6K 794 87
                                    

Unicode

လုချန်မတုန်လှုပ်ပဲ မနေနိုင်ခဲ့။ သူ အခုအချိန်အထိ လုထန်းထန်းက သူနဲ့ ထန်းယီးယွမ်ရဲ့ ရင်နှစ်သည်းချာကလေးလေး ဆိုသည့်အချက်ကို အသားမကျနိုင်ဖြစ်နေလေသည်။

သူ ခဏလောက် တိတ်ဆိတ်သွားကာ ပြီးမှ မဝင့်မရဲလေသံဖြင့် ချီတုံချတုံမေးလာသည်။

''........ ငါတို့ ကိုယ်ဝန်ရှိနေလို့ အမြန်လက်ထပ်လိုက်ရတာလား ''

ထန်းယီးယွမ်မျက်နှာကြီး မဲမှောင်သွားကာ ဟုတ်တယ်လည်းဝန်မခံ၊ မဟုတ်ဘူးလို့လည်းမငြင်းပဲ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားလေသည်။ သူတို့ဆီမှာ လုထန်းထန်းရှိနေခဲ့လို့ သူနဲ့လုချန်နဲ့ ဗိုက်မပေါ်ခင် အမြန်လက်ထပ်ခဲ့ရတာကတော့ သူပြန်မငြင်းနိုင်သည့် အမှန်တရားဖြစ်သည်။

သို့သော် ထိုအချိန်တုန်းက လုထန်းထန်းကို ခုတုံးလုပ်ပြီး သူ့ကိုတာဝန်ယူပေးဖို့ လုချန်အား ခြိမ်းခြောက်ခဲ့ခြင်းမျိုးမဟုတ်ပဲ လုချန်ကိုယ်တိုင်ကိုယ်ကျ တာဝန်သိစိတ်ဖြင့် သူ့ကို ပရိုပို့စ်လုပ်ပြီး လက်ထပ်ခဲ့ခြင်းမျိုးဖြစ်သည်။

လုချန်က သူ့ရဲ့ဆိတ်ဆိတ်နေမှုကို ဝန်ခံခြင်းဟု မှတ်ယူလိုက်ကာ ခေါင်းထဲ အချစ်-အမုန်းဆက်ဆံရေးတွေ လုပ်ကြံဖန်တီးပစ်လိုက်ပြီး အနည်းငယ် မခံမရပ်နိုင်ဖြစ်နေသည့်လေသံဖြင့်

'' မင်းက အမြဲတမ်း ငါ့ကိုဆို ကန့်လန့်လိုက်တိုက်ရတာကြိုက်တယ် ငါနဲ့ဖေးဖေး အတူတူရှိနေတာကိုမလိုချင်လို့၊ ဖေးဖေးကိုမရနိုင်တဲ့အဆုံး ငါ့ကိုမင်းနဲ့လက်ထပ်သွားအောင် ငါနဲ့ဖေးဖေးကွဲသွားအောင် တမင်ကလေးရအောင်လုပ်လိုက်တာမလား မင်းရဲ့အကြံ တကယ်ပက်စက်လွန်းတာပဲ! ''

ထိုဘီတာ၏နာမည်မှာ ရွမ်ဖေးဖြစ်ကာ လုချန်က တစ်နည်းနည်းဖြင့် အော်ဂလီဆန်စရာကောင်းအောင် ' ဖေးဖေး ' ' ဖေးဖေး ' ဟု ခေါ်တတ်သည်။ ဖြစ်နိုင်လျှင် ထိုနာမည်အား လုချန်ပါးစပ်ကနေ နောက်တခေါက် ထပ်ကြားလိုစိတ်မရှိပါ။

ကံမကောင်းစွာဖြင့် အခုလောလောဆယ်မှာတော့ လုချန်ခေါင်းထဲတွင် ရွမ်ဖေးက လုချန်ရဲ့နှလုံးသည်းပွတ်လေးဖြစ်ပြီး သူနဲ့ရွမ်ဖေးကတော့ သံသယရှိဖွယ် မကင်းမရှင်း ဟိုလိုလိုဒီလိုလိုဆက်ဆံရေးမျိုးဖြစ်နေသည်။

ထန်းအိမ်တော်မှာ အိုမီဂါ ၇ယောက်ရှိတယ် [ ဘာသာပြန် ] Where stories live. Discover now