Chapter 6

3.4K 669 43
                                    

Unicode

လုချန် အိုမီဂါလေးကို ရင်ခွင်ထဲထည့်ဖက်ပြီး အိပ်ပစ်လိုက်တာ အံ့အားသင့်စရာကောင်းလောက်အောင်ကို အိပ်လို့ကောင်းလွန်းသဖြင့် ချိုမြိန်မှုများစွာနှင့် အိမ်မက်ကင်းစင်ပြုံးပျော်ရွှင်ဖြစ်နေခဲ့သည်။

မနက်ခင်းမိုးလင်းလို့ အိပ်ခန်းထဲ နေရောင်ခြည်ဝင်လာချိန် လုချန်မျက်လုံးများကို ဖြေးဖြေးချင်းဖွင့်ပြီး သမ်းဝေလိုက်သည်။

ထန်းယီးယွမ်ကတော့ သူ့ရင်ခွင်ထဲ အလိုမကျစွာ နေရာရွှေ့နေလေသည်။

လုချန်ရဲ့အပြုအမူတွေက ထိုလှုပ်ရှားမှုများကြောင့် တုန့်ခနဲ ရပ်တန့်သွားကာ ရင်ခွင်ထဲလဲလျောင်းအိပ်စက်နေသည့် ထန်းယီးယွမ်ကိုကြည့်ပြီး ရှော့ခ်အကြီးကြီးရနေလေသည်။ သူဟာ အချစ်ပြိုင်ဘက်နဲ့အိမ်ထောင်ကျနေတယ်ဆိုတဲ့အချက်ကို မမှတ်မိခင်အထိပေါ့။

ထန်းယီးယွမ် သူ့ဘက် ခေါင်းအနည်းငယ်မော့ကာ မျက်တောင်လေးများ တဖျက်ဖျက်ခတ်ပြီး မျက်လုံးလေးများကို ဖြေးညှင်းစွာဖွင့်ကြည့်ပြီးနောက် ရင်ခွင်ထဲခေါင်းပြန်ဖွက်လိုက်သည်။ ခဏအကြာ သူ့ပုခုံးကို ပျင်းပျင်းရိရိပွတ်သပ်နေရင်း မပီဝိုးတဝါးအသံလေးဖြင့်

'' အိပ်ချင်သေးတယ်....... ''

လုချန် : ''.........''

အချစ်ပြိုင်ဘက်က........ သူ့ရှေ့မှာ အလိုလိုက်ခံရတဲ့ ကလေးဆိုးလေးလိုပြုမူနေတယ်?

လုချန်ကြီးတို့ကတော့ နှလုံးသည်းအူ အရည်ပျော်ရမည့် နောက်ထပ်နေ့သစ်တစ်ရက်အား အောင်အောင်မြင်မြင် ဖွင့်လှစ်လိုက်နိုင်ပြီဖြစ်သည်။

ထန်းယီးယွမ် မျက်လုံးပြန်မှိတ်ထားလိုက်ကာ သူ့ခန္ဓာကိုယ်ပေါ်မှာ စွဲထင်ကျန်ရစ်နေသည့် လုချန်အနံ့တွေကို ရှူကြည့်လိုက်သည်။ မနေ့ညက သူ အိပ်ပျော်သွားပြီအထင်နဲ့ တိတ်တိတ်ကလေး ဖယ်ရိုမုန်းတွေလွှတ်နေမှန်း သူသိတာပေါ့။ သူ ထိုအကြောင်းပြန်တွေးမိသွားတော့ မပြုံးပဲမနေနိုင်ခဲ့။ လွန်ခဲ့တဲ့ရက်အနည်းငယ်က လုချန် ကိုမာဝင်ပြီး ဆေးရုံရောက်နေခဲ့တာကြောင့် သူ့ကိုယ်ပေါ်က လုချန်ပိုင်ဆိုင်သည့်အနံ့တွေကလည်း မထိတွေ့တာကြာသွားသဖြင့် တဖြည်းဖြည်းအနံ့ပြယ်နေပြီဖြစ်သည်။ အခု လုချန်ရဲ့ဖယ်ရိုမုန်းအနံ့တွေနဲ့ နောက်တစ်ကြိမ် ရစ်ပတ်ခံလိုက်ရသည့်အခါ ပင်လယ်ပြာကြီးထဲ ကူးခတ်နေရသလိုမျိုး အရမ်းကိုမှ ဇိမ်ရှိလှလေသည်။

ထန်းအိမ်တော်မှာ အိုမီဂါ ၇ယောက်ရှိတယ် [ ဘာသာပြန် ] Where stories live. Discover now