Part-1

312 9 0
                                    

"ယောင်း မောင်အလုပ်သွားတော့မယ်နော်"

"အင်း မောင် ကောင်းကောင်းသွားနော် လမ်းမှာ ဂရုစိုက်"

"ကောင်းပါပြီ..မောင့်ကို အလုပ်သွားခါနည်းလေး အားဆေးလေးဘာလေး မပေးချင်ဘူးလားယောင်း"

" အားဆေးက ကုန်သွားပြီ မောင်ရဲ့ နောက်နေ့မှ သွားဝယ်ရဦးမယ် "

" ပြွတ်စ် ဒါကို ပြောတာ မောင့်အရူးလေးရဲ့"

"အာ မောင်ကလည်း"

ဆိုကာ ထယ်ယောင်းရှက်သွားလေသည်။

"သွားတော့ သွား "

"ဟုတ်ပါပြီ သခင်လေးရဲ့...သွားပြီနော် "

ဟုဆိုပြီး ထယ်ယောင်းနှုတ်ခမ်းအား ဖြတ်ခနဲ နမ်းကာ ထွက်ပြေးသွားလေသည်။

" အရူးကောင်!!! "
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ဂျွန်ဂျောင်ဂု နှင့် ကင်မ်ထယ်ယောင်း သည်လိင်တူလက်ထပ်ထားသော စုံတွဲတစ်တွဲပင်ဖြစ်သည်။ယောင်္ကျားလေးချင်းလက်ထပ်ထားသောကြောင့် ပတ်ဝန်းကျင်က ကဲ့ရဲ့ချင်သော်လည်း  ဂျွန်ဂျောင်ဂုသည် Jeon Group က ဖြစ်သောကြောင့် မကဲ့ရဲ့ရဲပေ။ကဲ့ရဲ့မည်ဆိုပါက ဂျေးအောင်းရမည်မဟုတ်လား။
Jeon Group ဆိုသည်မှာ နယ်နယ်ရရ ပင်မဟုတ်။စီးပွားရေးလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်သည်။
Jeon Group ရဲ့ CEO ဖြစ်သော ဂျွန်ဂျောင်ဂုမှာ အသက်ရွယ်အားဖြင့် ငယ်ရွယ်သလို ရုပ်ရည်ကလည်း အလွန်ချောမောသောကြောင့် ပျိုမဒီလေးတွေရဲ့ အသည်းစွဲဖြစ်နေတော့သည်။
သို့သော် ဂျွန်ဂျောင်ဂုသည် မာနမကြီးပဲ လူတိုင်းနှင့် ဖော်ဖော်ရွေရွေရှိကာ အလွန်ယဉ်ကျေးသည်။ကလေးလည်း အလွန်ချစ်တတ်သည်။ဒါပေမဲ့  သူဒေါသထွက်လျှင် အလွန်ကြောက်ဖို့ကောင်းပြီး သွေးအေးရက်စက်သူတစ်ဦးဖြစ်သည်။
.
.
.
.
.
.
.
.
.
.
.
.
.
.
.

" ယောင်း ဒီနေ့ ကုမ္ပဏီတစ်ခုက မောင့်ကို ညစာ စားပွဲတစ်ခုဖိတ်ထားလို့ မောင် ဒီနေ့ အိမ်ပြန်နောက်ကျမယ်နော်"

"ဟုတ် မောင် အများကြီးလည်း သောက်မလာနဲ့ဦး စောစောပြန်ခဲ့နော်"

"ဟုတ်ပါပြီ မောင့်ကလေးလေးရဲ့"

"ဟုတ်ပြီ အာ့ဆို ဒါပဲနော် မောင်"

His Husband ( One Short )Where stories live. Discover now