part-3

119 8 10
                                    

ထယ်ယောင်း အခန်းထဲက မထွက်တာ တစ်ပတ်ပင်ရှိပြီ။ မနက်စာ နေ့လည်စာ ညစာ များကိုလည်း အိပ်ခန်း ထဲသာ ပို့ခိုင်းသည်။ ဂျောင်ဂုကိုလည်း အတွေ့မခံပါ။ ဒီအချိန်မှာ သူ ( ထယ်ယောင်း) ဆုံးဖြတ်ချက် ကောင်းကောင်းချဖို့ လိုသည်။ဒီအတွက် ဂျောင်ဂုနှင့် အိပ်ခဲ့သော ကောင်မလေး နှင့် တွေ့ရန်ပင် ဆုံးဖြတ်လိုက်သည်။

.................….......……………………

" ဒီကတစ်ယောက်က ကင်မ်ထယ်ယောင်းလား မသိဘူး"

"အင်း..ဟုတ်ပါတယ်..မင်းက ဆုန်းဟယ်မီလား"

"ဟုတ်ပါတယ်..ကျွန်မကို ဘာလို့ တွေ့ချင်ရတာလဲ ထယ်ယောင်းရှီ.."

"ဂျောင်ဂုနဲ့ ပတ်သတ်ပြီး မေးစရာရှိလို့ပါ"

"ဟုတ်ကဲ့ မေးပါ"

" ဂျောင်ဂုကို ဘာလို့ ဆေးခတ်ခဲ့တာလဲ? တကယ်ဆို မင်းအတွက် ယောင်္ကျားမရှားပါဘူး.. မင်းရုပ်ရည်နဲ့ ဒီထက်ကောင်းတဲ့ ယောင်္ကျားမျိုးရမှာပါ...ဘာလို့ အိမ်ထောင်ရှိ ယောင်္ကျား တစ်ယောက်ကိုမှ ဒီလို လုပ်ခဲ့တာလဲ?"

" ကျွန်မ ဂျွန့်ကို ချစ်တယ်..ဂျွန်က အိမ်ထောင်ရှိမှန်း ကျွန်မ သိပေမဲ့ ဂျွန့်ကို ကျွန်မ သိပ်ချစ်လွန်းလို့ အဲ့လို လုပ်ခဲ့ရတာပါ"

"မင်းတောင် အဲ့လောက် ချစ်နေရင် ပိုင်ရှင်ဖြစ်တဲ့ ငါဆို ဂျောင်ဂုကို ဘယ်လောက်ချစ်လဲ မင်းစဉ်းစားသင့်တယ်..အချစ်တစ်ခု အတွက်နဲ့ မင်းရဲ့ အပျိုစင် ဘဝကိုပါ စွန့်လွှတ်လိုက်တာ ဘယ်လောက်တောင် မိုက်ရူးရဲဆန်သလဲ..."

" ကျွန်မ တောင်းပန်ပါတယ် ကင်မ်ထယ်ယောင်းရှီ.."

"တောင်းပန်တိုင်း ကျေအေးပေးရမယ်ဆို တရားဉပဒေ ဆိုတာ ရှိလာမှာမဟုတ်ဘူးလေ ဟယ်မီရှီ.."

"......"

ဟယ်မီ တိတ်ဆိတ်နေမိသည်။သူမသိသည်။ အိမ်ထောင်ရှိ ယောင်္ကျားတစ်ယောက် ကို ဒီလို မလုပ်သင့်မှန်း ဟယ်မီ နားလည်သည်။ သို့သော် ဂျောင်ဂုကို အပိုင်လိုချင်စိတ်၊ ချစ်သည့် စိတ်အား သူမ မထိန်းနိုင်ခဲ့ပေ။ ဒါကြောင့် သူမ၏ အပျိုစင် ဘဝအား စွန့်လွှတ်၍ မိုက်ရူးရဲဆန်ခဲ့မိသည်။

His Husband ( One Short )Where stories live. Discover now