part-4

68 8 2
                                    

ဒီနေ့ဆိုလျှင် တစ်ပတ်ပင်ပြည့်သည်။ဂျောင်ဂုလည်း သေချာပင် ဆုံးဖြတ်ပြီးပြီ ဖြစ်သည်။ဂျောင်ဂုသေချာပေါက် ထယ်ယောင်းကို မခွဲနိုင်ပါ..ဒါကြောင့် ထယ်ယောင်း‌နှင့်သာ အတူနေမည်။ သူ ဆုန်းဟယ်မီကို လက်မထပ်နိုင်ပါ။ဒါပေမဲ့ ထယ်ယောင်းအကြောင်းကို သူ (ဂျောင်ဂု) ကောင်းကောင်းသိသည်။ ထယ်ယောင်းက သိပ်ကို ခေါင်းမာသည်။ ဘယ်သောအခါမှ ဆုံးဖြတ်ချက်အား ပြန်မပြင်တတ်ပါ။ဒါကြောင့်လည်း အမြဲ ဂျောင်ဂုဘက်က အလျှော့ပေးခဲ့ရသည်။ဒီတစ်ချိန်တော့ ဂျောင်ဂု အ‌လျှော့ပေးလို့ မဖြစ်ချေ။ဒါကြောင့် မရရအောင် ထယ်ယောင်းအား နားချမည်။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
*ချောက်*

"မောင်.."

"အင်း..ရောက်ပြီလား ယောင်း ထိုင်ဦး"

" အင်း ရောက်ပြီ..ဘယ်လိုလဲ မောင် သေသေချာချာ ဆုံးဖြတ်ထားရဲ့လား"

"မောင်သေချာ ဆုံးဖြတ်ပြီးသွားပြီ ယောင်း..မောင်သူမကို လက်မထပ်နိုင်ဘူး..မောင် ယောင်းမရှိဘဲ မနေနိုင်ဘူး"

" ‌မောင်!...‌ဟူးးးးးး....ထားပါ..မနက်ဖြန် ကွာရှင်းရမယ်..ရှေ့နေငှားထား.."

"ဒါဘာသဘောလဲ ကင်မ်ထယ်ယောင်း! မောင် မင်းကို မကွာရှင်းပေးနိုင်ဘူး..ဆုန်းဟယ်မီကိုလည်း လက်မထပ်နိုင်ဘူး"

"ဘာမှ မကြားချင်ဘူး..ငါပြောသလိုလုပ်ထား..သွားပြီ..ကောင်းကောင်းနေရစ်ပါ..ဂျောင်ဂု"

ဂျောင်ဂုဘာမှ မပြောနိုင်ခင်အချိန်လေးမှာပဲ ထယ်ယောင်းထွက်သွားခဲ့သည်။
.
.
.
.
.
.
.
ထယ်ယောင်း မျက်ရည်များကို ထိန်းကာ အပြင်သို့ ခပ်မြန်မြန်ထွက်လာခဲ့သည်။ထယ်ယောင်းသိတာပေါ့...ဂျောင်ဂုလက်မထပ်ချင်မှန်း။ ဒါပေမဲ့ ဂျောင်ဂုအား နည်းနည်းမှ အပြောမခံနိုင်ပေ။
ဂျောင်ဂုက စိတ်ဓာတ်မာမှန်း သိသော်လည်း လူတစ်ယောက်ဖြစ်သည့် အတွက် ပြိုလဲနိုင်ချေ ရှိသည်။ စကားတစ်ခွန်းက လူတစ်ယောက်ကို သေနိုင်တဲ့ အထိ ဖြစ်နိုင်သည်။ယခု ကိစ္စတွင်လည်း အနည်းနှင့်အများ ပြောခံရ‌နိုင်ချေ ရှိသည်။သို့သော်လည်း တာဝန်မသိတတ်တဲ့လူ...မိန်းကလေးတစ်ယောက်ကို ဖျက်ဆီးပြီး တာဝန်မယူတတ်တဲ့ လူဟု အပြောမခံနိုင်ချေ။
သူ(ထယ်ယောင်း) ကတော့ ဘယ်လိုပဲ အပြောခံရပါစေ...ဂရုမစိုက်ပါ..။အဓိက က ဂျောင်ဂု အဆင်ပြေဖို့ပင်။
.
.
.
.
.
.
The next day..
*တင်တောင်*

*ချောက်*

"ရှေ့နေ ခေါ်ထားလား ဂျောင်ဂု"

" မခေါ်ထားဘူး ယောင်း..မောင်မင်းကို မကွာရှင်းနိုင်ဘူး"

" ကျစ်!! ငါမင်းကို ပြောစရာရှိတယ်..အမှန်တော့လေ ငါမင်းကို မချစ်ခဲ့ဘူး...သိလားဂျောင်ဂု..ငွေမက်လို့ မင်းကို ကပ်ခဲ့ရုံပဲ..မင်းနဲ့ နေရတဲ့ အချိန်တိုင်း စိတ်ပျက်စရာကောင်းတယ်..ငါ့ကို ကွာရှင်းပေးပါ ဂျွန်ဂျောင်ဂု"

"ဘာ!! ဘာပြောတယ်..!? မချစ်ခဲ့ဘူး ..ဟုတ်လား...ဟားးးးး..ယောင်း မင်းမောင့်ကို စနေတာမလား.."

"ဒီအချိန်က စရမဲ့ အချိန်မဟုတ်ဘူး ဆိုတာ မင်းသိမှာပါ..ငါမင်းကို အတည်ပြောနေတာ ဂျောင်ဂု"

"ဟားးးး...ကင်မ်ထယ်ယောင်း တော်လွန်းတယ်..မင်းသိပ်တော်လွန်းတယ်...ကောင်းပြီ..မင်းဖြစ်စေချင်သလို အကုန် ဖြစ်စေရမယ်..ကွာရှင်းချင်တယ်မလား ကွာရှင်းပေးမယ်..ဟယ်မီနဲ့ လက်ထပ်စေချင်တယ်မလား..ဟုတ်ပြီ လက်ထပ်ပေးမယ်..အင့်..ယောင်းရာ..သိမ့်ရက်စက်လွန်းတယ်..ဒီကောင်က မင်းတစ်ယောက်ထဲ ချစ်ခဲ့တာပါကွာ..မင်းတစ်ယောက်ထဲ..အားးးးးးးးးး!!!"

ဂျောင်ဂု အသားကုန် အော်ငိုတော့သည်။ထယ်ယောင်းလည်း ဂျောင်ဂုအားကြည့်ကာ ငိုချင်မိလာသည်။ သို့ပေမဲ့ စိတ်အား ထိန်းချုပ်ပြီး အသံမာမာနဲ့ ဂျောင်ဂုအား ပြောလိုက်သည်။

"ကျစ်!!! စိတ်ပျက်စရာကောင်းအောင် အော်ငိုမနေနဲ့..မနက်ဖြန်ကျ အသင့်ဖြစ်ပါစေ..သွားပြီ"

ထယ်ယောင်း တစ်ယောက် မျက်ရည်များ မထိန်းနိုင်တော့ကာ ဂျောင်ဂုရှေ့က ပြေးထွက်လာခဲ့သည်။တက္ကစီကားပေါ်တွင် အိမ်ပြန်လမ်းတစ်လျှောက်လုံး ငိုလာမိသည်။

" လူလေး..အဆင်ပြေရဲ့လား"

"အင့်..ပြေပါတယ် ဦးလေး"

ငိုရင်းနဲ့ပင် အိပ်ပျော်သွားသည်။

"ဟေ့..ကောင်လေး..ထထ..မင်းအိမ်ရောက်ပြီ.."

" အင်းးးးးး.....ဟုတ်ကဲ့ပါ ဦးလေး ဒီမှာ ကျသင့်ငွေပါ"

ထယ်ယောင်းလည်း ကျသင့်ငွေပေးကာထွက်လာခဲ့သည်။

........................................................

Thanks for reading
Please vote and feedback 💗

You've reached the end of published parts.

⏰ Last updated: May 02 ⏰

Add this story to your Library to get notified about new parts!

His Husband ( One Short )Where stories live. Discover now