အခန်း ၄။ ငွေဘယ်လိုရှာရမလဲ?

1.3K 244 3
                                    

ဆေးလိမ်းပြီးသည့်နောက်တွင် ယွီသာ့မုန်သည် အလုပ်လုပ်ရန် မြို့သို့သွားရာ ချောင်ယွမ် သူနှင့်လိုက်သွားပြီး ကြည့်ချင်ခဲ့သည်။ သို့သော်လည်း မူလကိုယ်၏ မင်္ဂလာဦးည၏ အုတ်အော်သောင်းတင်းဖြစ်ခြင်းမှာ အလွန်ကြီးမားသောကြောင့် တစ်ရွာလုံးတွင် ကောလာဟလများ ပျံ့နှံ့ပြီးလောက်ပြီဟု ခန့်မှန်းရလေသည်။ လည်ပင်းပေါ်မှ ဒဏ်ရာနှင့်သာ သူအပြင်ထွက်လိုက်လျှင် ရှင်းပြရန်ပိုမို ခက်ခဲသွားလိမ့်မည်။ ထို့ကြောင့် သူ့ဒဏ်ရာများ မပျောက်သေးမီ သူအပြင်မထွက်နိုင်သေးပေ။ ချောင်ယွမ် ဆင်ဝင်တွင်ရပ်နေပြီး ယွီသာ့မုန်၏ ထွက်ခွာသွားသည့်ပုံရိပ်ကို ကြည့်နေပုံမှာ အနည်းငယ် လွမ်းဆွေးဖွယ်ကောင်းနေခဲ့သည်။

လင်ချွေ့ဖန်းသည် ပင်မခန်း၏ လျှောက်လမ်းတွင် အဝတ်ချုပ်နေလေသည်။ ခြောက်သွေ့စွာရပ်နေသော သူ့ကိုကြည့်ပြီး လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
"ယွမ်ကောအာ ဒီကိုလာခဲ့"

ချောင်ယွမ် သူ့ကိုချဉ်းကပ်သွားလိုက်ပြီး မေးလိုက်သည်။
"အမေ ဘာဖြစ်လို့လဲဟင်?"

"နဂိုအတိုင်းဆို မနေ့က မင်းအိမ်ပြန်ရမှာ ဒါပေမဲ့ မင်းခန္ဓာကိုယ် အခြေအနေကို စဉ်းစားပြီး မင်းအဘွားနဲ့ ဦးလေးကို ငါပြောခဲ့တယ် ပြီးတော့ မင်းမပြန်ခင် သက်သာလာတဲ့အထိ စောင့်ဖို့ကိုလည်း ငါတို့သဘောတူခဲ့ကြတယ်"

ဤဖြစ်ရပ် ဖြစ်လာသည့်အခါတုန်းက လင်ချွေ့ဖန်းအလွန် စိတ်ပျက်ခဲ့သည်။ ချောင်ယွမ်၏အဘွားနှင့် အဒေါ်ထံသို့ သူသွားလည်စဉ်တွင် ချောင်ယွမ်၏အဒေါ်သည် ချက်ချင်းပင် သူ၏တောင်းဆိုမှုကို သဘောတူခဲ့သည်။ သူသည် ယခင်အခါများထက်ပင် ပို၍ယဉ်ကျေးနေပြီး ချောင်ယွမ်၏အခြေအနေကို မေးပင်မမေးခဲ့ပါချေ။

သူဒီအကြောင်းကို ချောင်ယွမ်အား ပြောသင့် မပြောသင့် စဉ်းစားနေခြင်းဖြစ်သော်လည်း မမျှော်လင့်စွာဖြင့် ချောင်ယွမ်မှ သာမန်ကာလျှံကာ ပြောလာခဲ့လေသည်။
"အမေ ကျွန်တော့်ဦးလေးရဲ့ဇနီးက အမေ လက်ဖွဲ့ပစ္စည်းတွေအကြောင်း လာမေးမှာကို စိုးရိမ်နေတာ!"

"ဒီသနားစရာ ကလေးကတော့"
လင်ချွေ့ဖန်း ညင်သာစွာ သက်ပြင်းချလိုက်ပြီး
"စိတ်မပူပါနဲ့ မင်းနဲ့သာ့မုန် ကောင်းကောင်းနေရသမျှ ကာလပတ်လုံး ငါတို့မိသားစုက မင်းကိုထိခိုက်စေမဲ့အရာ ဘာကိုမှ လုပ်မှာမဟုတ်ပါဘူး"

ပန်းပဲဆရာ၏ ခင်ပွန်းသည်အဖြစ် ကူးပြောင်းလာခြင်းWhere stories live. Discover now