အခန်း ၉။ ရုပ်ပျက်ဆင်းပျက် အဖြစ်အပျက်

1.2K 213 0
                                    

ယွီသာ့မုန်သည် သူသမားတော် ပင့်ချင်သည်ဟု ပြောသော်လည်း ချောင်ယွမ် ငြင်းပယ်လိုက်သည်။ သူတို့သာ တခြားသမားတော် ပင့်လိုက်တယ်ဆိုရင် ရွာထဲမှာ ဘယ်လိုကောလာဟလတွေ ပျံ့ကုန်မလဲဆိုတာ ဘယ်သူသိမှာလဲ။
"ကျွန်တော်ခံစားနေရတာ ကျွန်တော်မသိဘဲနေမလား? တိုက်မိလို့ နာသွားရုံပါပဲ အရိုးတွေက အကောင်းကြီးပါ နှစ်ရက်လောက် လှဲနေလိုက်ရင် ကောင်းသွားမှာပါ ခင်ဗျားကို သွားခွင့်မပေးဘူးနော်!"

ချောင်ယွမ် အိပ်ရာပေါ်တွင် လှဲနေ၏။ ထိတ်လန့်တုန်လှုပ်မှု တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားသောအခါ ဝက်အိုမကြီးသည် အလွန်မုန်းစရာကောင်းသည်ဟုသာ သူခံစားလိုက်ရသည်။ သူကဖြင့် သူ့အတွက် အစားအသောက်တွေတောင် ချက်ပြုတ်ပေးရပြီး ဒါကတော့ သူ့ကို ပြန်ပေးဆပ်တာပေါ့လေ! ချောင်ယွမ် အိပ်ရာအား ထိုးလိုက်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်မှာ
"သိပ်မကြာခင်မှာ အဲ့ဒီဝက်ကို ဟင်းပွဲလုပ်ပစ်ပြီး လက်စားချေမယ်!"

ထိုအချိန်တွင် ယွီသာ့မုန်မှာ သူ၏ ဟာသများအား နားထောင်ရန် အာရုံမရှိနေချေ။ သူသည် စိုးရိမ်ကြောင့်ကြနေပြီး ချောင်ယွမ့်အနားတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေကာ မကြာခဏ သူမည်သို့ခံစားနေရသည်အား မေးနေလေ၏။

ဖူးဖူးမှုတ်ထားသည်ကို ခံစားရပြီး ချောင်ယွမ် ကလူ၏သို့ မြှူ၏သို့ သရုပ်ဆောင်ချင်ပါသော်လည်း ဝက်များ ထွက်ပြေးပြီး တစ်စုံတစ်ယောက်အား နာကျင်စေမည်ကို စိုးရိမ်သောကြောင့် ယွီသာ့မုန်ကို ဝက်ခြံအား အရင်ဆုံးသွား၍ ပြင်ဆင်ရန် တိုက်တွန်းလိုက်လေ၏။

ယွီသာ့မုန် ချောင်ယွမ်အား ကြိမ်ဖန်များစွာ လှည့်ကြည့်ခဲ့ပြီး တစ်ချိန်တည်းမှာပင် နှစ်နေရာလုံး၌ ရှိနေချင်ခဲ့သည်။

လူအိုကြီးယွီနှင့် လင်ချွေ့ဖန်းတို့သည် သတင်းအားကြားပြီး အိမ်သို့ အမြန်ပြန်လာခဲ့ကြလေ၏။ ချောင်ယွမ် အရိုးတစ်ချောင်းမျှ မကျိုးသည်ကို သူတို့သိရှိသွားလေသော် စိတ်သက်သာရာ ရသွားတော့သည်။

လင်ချွေ့ဖန်းသည် ဝက်အိုမကြီးအား ရတနာတစ်ခုကဲ့သို့ သဘောမထားတော့ဘဲ
"ဝက်ကလေးတွေ နို့ဖြတ်ပြီးရင်တော့ မင်းကျန်းမာရေးအတွက် အမေ သူ့ကိုသတ်ပြီး (ဟင်းပွဲ)ပြင်ဆင်ပေးမယ်"

ပန်းပဲဆရာ၏ ခင်ပွန်းသည်အဖြစ် ကူးပြောင်းလာခြင်းWhere stories live. Discover now