အကယ်၍ သူသာ ယွီသာ့မုန်ကို မနှုတ်ဆက်ခဲ့လျှင် ချောင်ယွမ် သူ့ကို မှတ်မိမှာ မဟုတ်ပေ။ သူ၏ရှေ့မှလူမှာ အမှန်တော့ ကျန်းဝမ်ရှန်းပင်။ မူလပိုင်ရှင်၏ မှတ်ဉာဏ်များထဲတွင် ဤလူသည် ချောမော၍ရည်မွန်ကြောင်း သူ ရှင်းရှင်းလင်းလင်း သတိရမိသည်။ ဘယ်လိုဖြစ်လို့ သူ့မျက်လုံးထဲမှာ သူက အရမ်းအနုပ်စုတ်ဂုပ်စုတ်ဆန်နေတာလဲ?
သူက သူ့သာ့မုန်ထက် နည်းနည်းလောက်တောင် ပိုကောင်းတာမဟုတ်ဘူး။ နှိုင်းယှဉ်လို့ကို မရတာ!
ကျန်းဝမ်ရှန်းသည် ချောင်ယွမ် စကားမပြောနိုင်ဘဲနေသည်ကို မြင်ပြီး သူ၏မှန်းဆချက်မှန်သည်ဟု ထင်မြင်ခဲ့သည်။ ယွမ်ကောအာက သူ့ကို လက်မလွှတ်နိုင်ခဲ့ဘူးပဲ။ သူသည် သူ့ကို မခံချိမခံသာနှင့် သနားစရာအမူအရာဖြင့် ကြည့်ကာ ဝမ်းနည်းစွာဖြင့် "ယွမ်ကောအာ" ဟု ခေါ်လိုက်သည်။
ချောင်ယွမ်၏ တင်းမာခက်ထန်သော မျက်နှာပေါ်တွင် မနှစ်မြို့ဖွယ်အမူအရာမှာ ထင်ရှားနေသည်။
"ပညာရှင်ကျန်း အသက်အရွယ်အရဆို ကျွန်တော့်ရဲ့သာ့မုန်က မင်းထက်အသက်ပိုကြီးတယ် အဲ့ဒီတော့ မင်းက ကျွန်တော့်ကို *စောင်ဖူးလန်*လို့ ခေါ်သင့်တာပေါ့"
(မရီးကို 嫂子 - စောင်ဇစ် လို့ ခေါ်တာကို ဘာလို့ ချောင်ယွမ်က 嫂夫郎 - စောင်ဖူးလန် လို့ သုံးသလဲတော့ မသိပါဘူးလို့ etrans က ပြောထားပါတယ်။)ကျန်းဝမ်ရှန်းသည် ချောင်ယွမ် စိတ်ဆိုးနေဆဲဟုထင်ပြီး တစ်ခုခုထပ်ပြောချင်သေးသော်လည်း ချောင်ယွမ်၏ နှောင့်ယှက်ခြင်းကို ခံလိုက်ရသည်။
"ကျွန်တော့်ခင်ပွန်းနဲ့ ကျွန်တော့်မှာ လုပ်စရာတွေရှိသေးလို့ မင်းကို အဖော်လုပ်မပေးတော့ဘူး သွားလိုက်ပါဦးမယ်"ချောင်ယွမ် စကားပြောပြီးသည်နှင့် ယွီသာ့မုန်၏လက်ကို ဆွဲကိုင်ကာ ထွက်ခွာသွားခဲ့သည်။
ကျန်းဝမ်ရှန်းသည် သူတို့၏ ဆုပ်ကိုင်ထားသော လက်များကို ကြည့်ကာ လက်သီးဆုပ်လိုက်ပြီး မုန်းတီးမှုများနှင့် ပြည့်နှက်နေခဲ့သည်။
တစ်မိုင်ခန့် လမ်းလျှောက်ပြီးချိန်တွင် ကျန်းဝမ်ရှန်း၏ မျက်ကွယ်သို့ အပြည့်အဝရောက်သွားပြီးနောက် ချောင်ယွမ်မှ ဒေါသတကြီးဖြင့် ယွီသာ့မုန်ကို ဆွဲဆိတ်လိုက်သည်။
"ခင်ဗျားသေပြီလား? တစ်ယောက်ယောက်က ခင်ဗျားရှေ့မှာတင် ခင်ဗျားခင်ပွန်းနဲ့ ပရောပရည်လုပ်နေတာကို ခင်ဗျားက တုပ်တုပ်မှ မလှုပ်ဘူး!"
CZYTASZ
ပန်းပဲဆရာ၏ ခင်ပွန်းသည်အဖြစ် ကူးပြောင်းလာခြင်း
RomansTitle : Transmigrated into a Blacksmith's Husband Author : 邀之 Type : Web novel Alternative names : 穿成铁匠夫郎 Total chapters : 60 chapters Status : Completed All credits go to original author and English translators.