🖤 Acceptance❤️

188 30 306
                                    

Unicode

🖤 Acceptance❤️

ပန်းပွင့်ချပ် အစိုတွေနဲ့ ခြောက်သွေ့နေတဲ့ ပွင့်ချပ်တွေကြားက ခြားနားတဲ့ရနံ့တွေကို ခွဲခြမ်းစိတ်ဖြာတဲ့ သင်ခန်းစာပြီးတော့ ကျွန်တော်နောက်တစ်ချိန်ဆက်မတက်ဘဲ Benတို့အိမ်ကိုပဲ ပြန်လာလိုက်သည်။

မနက်ဖြန်ကျမှ အိမ်ပြန်ပြီး အစ်ကို့ဖို့ ပန်းတွေခူးကြမှာဆိုတော့ ဒီတစ်ရက်ကတော့ အစ်ကို့နားပိုနေဖို့ အခွင့်အရေးရှိသေးတာပေါ့။ စက်ဘီးတစ်စီးနဲ့ Benနဲ့ နှစ်ယောက်သားအိမ်ပြန်ရောက်တော့ ကျွန်တော်နှစ်သက်တဲ့ ရနံ့တစ်ခုကဆီးကြိုနေပြီ။

Lavender နဲ့ ထောပတ်ပေါင်းစပ်ထားတဲ့ရနံ့က ကျွန်တော့်နှလုံးသားတစ်ခုလုံးကို နွေးထွေးသွားစေခဲ့တာ ခုမှမဟုတ်ဘဲ ဟိုးငယ်စဉ်ကလေးဘဝတည်းကပါ။ အစ်ကို့လက်နဲ့ လုပ်တဲ့ Lavender cookie တွေကို ကျွန်တော် အရူးအမူးနှစ်သက်တာအကိုအသိဆုံးလေ။ သူနဲ့ကျွန်တော်ဆုံတိုင်း အခွင့်ရရင်ရသလို အမြဲလုပ်ကျွေးနေကြပါ။

❤️ဒီနေ့ ပန်းစားရမဲ့နေ့ပေါ့ ဟားဟား

"အာ ကိုကိုကတော့ ကွတ်ကီးတွေ လုပ်နေပြန်ပြီလား ကျွန်တော့်အတွက်ရော ချောကလက်ကွတ်ကီးလေးဘာလေးမလုပ်ပေးထားဘူးလား"

လတ်လတ်ဆတ်ဆတ်နွေးထွေးနေတဲ့ ပန်းချီကားတစ်ချပ်လို ကွတ်ကီးချပ်တွေပြည့်နေတဲ့ ပန်းကန်တစ်ခုက စားပွဲပေါ်ကနေ ကျွန်တော့်ကို လက်ယပ်ခေါ်နေတော့ ခုံမှာဝင်ထိုင်ရင်း တစ်ခုကောက်ယူကာ Odor tester ပီသစွာပဲ ညံ့သက်တဲ့ မွှေးရနံ့ကို အရင်ရှိုက်ယူမိသည်။

❤️မွှေးလိုက်တာ ပြည့်စုံသွားသလိုပဲ

"အဲ့မှာ အနံ့ပဲထိုင်ရှူနေလိုက် ငါကတော့စားပြီ"

❤️ ပန်းတစ်ပွင့်ရဲ့ အရသာကို မခံခင် သူ့ရနံ့ကို ရှူရှိုက်ပေးရတာက ထားသင့်တဲ့ကျင့်ဝတ်ပဲ

"မင်းကတော့ odor testerကောင်း တစ်ယောက်ဖြစ်ကိုဖြစ်လာမှာ အငယ်ကောင် သိလား ဒီကျောင်းပြီးရင် အကိုတို့ပန်းဆိုင်မှာ လာလုပ်ပါလားကွာ အငယ်ကောင်ရဲ့ ကိုယ်ပိုင်ရေမွှေးပါ ဆိုင်မှာတွဲတင်ထားရင် လုံးဝပြည့်စုံသွားမှာပဲ"

🖤Night Flowers❤️Where stories live. Discover now