🖤A Journey of Rose River❤️

839 72 146
                                    

Unicode

🖤Night Flowers❤️

🖤A Journey of Rose River❤️

🥀🥀🥀🥀

"Zahra .....ဟေ့ Zahra....."

ရွှေရောင်လွှမ်းသော နိုင်းလ်မြစ်ရေပြင်ရဲ့ သမီးပျိုကလေး ကျွန်မ Zahra ....

မက်ဆိုပိုတေးမီးယားရဲ့ အမှုတော်ထမ်း ဖခင်နဲ့ တော်ဝင်မျိုးနွယ်တို့၏ အရှင်သခင်မတို့အတွက် အထူးတလည် အမွှေးနံ့သာဆီများ ဖော်စပ်ဆက်သရသော အမှုထမ်း အမျိုးသမီးကြီးတို့ရဲ့ ရင်သွေး....

ဝမ်းကကျွတ်စဥ် လူဖြစ်စနီတာရဲတည်းက နတ်ဘုရားမများရဲ့ ကောင်းချီး​နဲ့ မွေးဖွားလာသူအဖြစ် ဝန်းကျင်တစ်ခိုက အသိအမှတ်ပြုကြသည်က နှင်းဆီကဲ့သို့ ကြိုင်သင်းသော ကိုယ်သင်းရနံ့ကြောင့်...

ထို့အတွက်ကြောင့် ကျွန်မအမည်ကို အမေက Zahra ဟုခေါ်တွင်စေခဲ့သည်။ Zahra ဆိုတာက အီဂျစ်တို့ရဲ့ ဘာသာစကားအရ ပန်းကလေးတဲ့။

"ဟဲ့ Zahra .... ဒီလောက်ခေါ်နေတာတောင် မသိကျိုးကျွံပြုနေပါလား.."

🥀 မဟုတ်ပါဘူး အမေရဲ့

မြစ်ကမ်းပါးမှာ နေနတ်မင်းရဲ့ ကောင်းချီးပေးမှုနဲ့ ခြောက်သွေ့နေတဲ့ ပန်းပွင့်ခြောက်တို့ကို သိမ်းဆည်းနေချိန်လေ။ အရှင်မတို့အတွက် ရေမွှေးနံ့သာဖော်စပ်ရာမှာ အသုံးပြုသော ပန်းတို့အား အဖ Amun-Ra နေနတ်ဘုရားရဲ့ နွေးထွေးခြင်းတို့နဲ့သာ ခြောက်သွေ့စေတာက အမေ့ရဲ့
စည်းမျဥ်းများထဲက တစ်ခုပင်။

ပိုးသားပုဝါပေါ်က နှင်းဆီနဲ့စံပယ်ပွင့်ခြောက်တို့ကို ရွှေချည်မျှင်ပိုးပုဝါခံ ဇကာကုံးထဲထည့်ကာ အမေ့လက်ထဲထည့်တော့ အမေက ကျွန်မရဲ့ နှုတ်ခမ်းဖူးလေးကို တို့ထိသည်။

"ဒီည အရှင်မ ချိုးရေစိမ်ဖို့ရှိတယ် သမီး အဲ့ဒါ အမေ့ရဲ့ နှင်းဆီဝတ်ရည်လေး သွားပို့ပေးပါဦး "

အမေ့ရဲ့ ခိုင်းစေမှုနဲ့တင် ကျွန်မနှလုံးသား တစ်ခုလုံး ရှိန်းမြမြနဲ့။ ကျွန်မ၏ နှလုံးသားဟာ ထိုရွှေရောင်လွှမ်းသော နန်းတော်ကြီးရဲ့ မင်းသားလေးတစ်ပါးလေ။

Ra.....တဲ့ နေနတ်ဘုရားလို့ အဓိပ္ပါယ်ရတဲ့ အမည်နာမနဲ့ ဘုန်းတော်ကြီးမြတ်သော အရှင့်ရဲ့ ထီးနန်းကို အပိုင်စားဆက်ခံမည့် အိမ်ရှေ့စံမင်းသားလေး တစ်ပါးပေါ့။

🖤Night Flowers❤️Where stories live. Discover now