🖤Soul of Red Rose❤️

461 65 256
                                    

Unicode

🖤Night Flowers❤️

🖤Soul of Red Rose❤️

အချိန်ကား ည ၁၂ နာရီ...

နေရာက Grasse မြို့လေးရဲ့ အထွက် ကားလမ်းမ တစ်နေရာ...

မီးအိမ်လေးကို စက်ဘီး Handle လေးမှာချိတ်လို့ လမ်းမပေါ်ကချိုင့်ကျင်းတောင် ရှောင်မနင်းနိုင်ဘဲ တခြမ်းပဲ့လရဲ့ ညအလင်းအောက်မှာ ကျွန်တော်တစ်ယောက်တည်းရယ်။

❤️ မာမားရေ သားပြန်လာနေပြီနော်

Ben ရဲ့အိမ်မှာ ညဘက်စာကြည့်ရင်း တူတူလာနေဖြစ်တာ ဒီညနဲ့မှ ၂ရက်ပါ။ ကျွန်တော့်အိမ်က မြို့အဝင်က ရပ်ကွက်လေးမှာ။ Ben ရဲ့အိမ်က မြို့လယ်ခေါင်က လူချမ်းသာတို့နေတဲ့ ရပ်ကွက်မှာ။

ကျွန်တော်တို့ Grasse မြို့လေးက Cannes
(ကိန်းစ်)မြို့ရဲ့အပေါ်က တောင်တန်းတွေပေါ်မှာတည်ရှိတဲ့မြို့မို့ မြို့ထဲမှာတော့ တက်စရာ တက္ကသိုလ် ကောလိပ်ဆိုတာမရှိ။ နာရီဝက်ပဲကွာဝေးတဲ့ Cannes (ကိန်းစ်) မြို့ကတော့ နာမည်ကျော် ကိန်းစ်ရုပ်ရှင်ပွဲတော်ကျင်းပရာမြို့မို့ တက္ကသိုလ် ကောလိပ်တွေပါရှိသည်လေ။

အခု သူငယ်ချင်း Ben ရဲ့ အိမ်မှာလာနေဖြစ်တာက Grasse မြို့ထဲမှာရှိတဲ့ Perfume School တစ်ခုမှာ ကျောင်းတက်နေရတာမို့လို့ပါ။ ကျွန်တော့်ဘဝမှာ အမေတစ်ခုသားတစ်ခုနဲ့ နေလာခဲ့တာ လူမှန်းသိတတ်စတည်းကပါ။ နှင်းဆီနဲ့ လာဗင်ဒါ ပန်းခင်းတွေပိုင်တဲ့ ကျွန်တော်တို့မိသားစုဟာ အများကြီးလည်း မချမ်းသာသလို အများကြီးလည်း မဆင်းရဲပါဘူး။

ကောလိပ်တက်ဘွဲ့ယူရတာထက် မိသားစုပိုင်ပန်းခင်းတွေကို ထိန်းသိမ်းစောင့်ရှောက်ရင်း ရေမွှေးထုတ်လုပ်သူတွေနဲ့ဖက်စပ်လုပ်ကိုင်နေတာထက် ကိုယ်ပိုင်ရေမွှေးထုတ်ချင်တာက ကျွန်တော့်အိပ်မက်ပါ။ မာမားကလည်း ရိုးအေးသူမို့ ကျွန်တော့်အိပ်မက်တွေကသာ သူမရဲ့ဘဝပါတဲ့။ အခု ကျွန်တော့်မာမားက အမောဖောက်လို့တဲ့။ အန်တီ မာဂရီတာ ဖုန်းဆက်လို့ ညကြီးသန်းခေါင်ကျွန်တော်ပြန်လာခဲ့ရတာပါ။

ဖြစ်ချင်တော့ ဒီညမှ Ben နဲ့ သူ့မိဘတွေက သူတို့အမျိုးအိမ်ကပါတီတစ်ခုကိုသွားပြီးအဲ့မှာ ညအိပ်ကြမှာလေ။ သူရှိနေရင် ကားနဲ့လိုက်ပို့မှာဆိုပေမဲ့ သူမရှိတော့ ကျွန်တော်စီးနေကျစက်ဘီးနဲ့ မီးအိမ်ကိုအားကိုးလို့ ပြန်ရတာပါ။

🖤Night Flowers❤️Where stories live. Discover now