1🐰

1.9K 212 121
                                    

၂၀၂၂ ခုနှစ် ၊ အောက်တိုဘာ ၁၃ရက်။

နာမည်ကြီးidol Proofအဖွဲ့ဝင်ကောင်လေး၏နေအိမ်တွင် ထူးခြားမှုတစ်ခုဖြစ်ပေါ်ခဲ့သည်။ ထိုအချင်းအရာကား kooဆိုသောနာမည်ကဒ်လေးနဲ့ယုန်အမဲရောင်​လေးရုတ်တရက်ကြီးရောက်လာခဲ့တာ...။

Fan တွေထဲက ပေးတာဖြစ်နိုင်ပေမယ့်
သေချာလာပေးတာမျိုးမဟုတ်ပဲ​ခြံထဲလျှောက်ပြေးနေတာမို့ ပိုင်ရှင်သက်သက်ရှိတာမျိုးလည်းဖြစ်နိုင်တယ်။သူ့လိုစိတ်မရှည်တတ်တဲ့လူမျိုးအတွက်ယုန်မွေးဖို့ဆိုတာလည်းမဖြစ်နိုင်...။နည်းနည်းတော့ခေါင်း​ခြောက်စရာပင်...။

ဂုတ်ထောက်နေသော အပြာရောင်ဆံပင်များအား ဆွဲဖွကာ အကြံအိုက်နေသည်။မနက်ခင်းနိုးစမို့ မျက်ဝန်းကျဥ်းကျဥ်းလေးများသည်မပွင့်တစ်ပွင့်...။ ဖူးအာနေသောနှုတ်ခမ်းသားလှလှများသည် စိတ်အလိုမကျတာမို့ ထော်လွန်းနေသည်။

"ဟေး ယုန်မဲ ပြေးမနေနဲ့ မင်းကိုဘာမှမလုပ်ဘူး ဒီကိုလာခဲ့"

ပြောတာကိုသိသည်အလား ထိုသေးသေးလေးက သူ့ဆီတွန့်ဆုတ်တွန့်ဆုတ်နဲ့ သူ့အနားတိုးလာသည်။အမဲရောင်လေးအာလက်ချောင်းဖောင်းဖောင်းသေးသေးလေးတွေနဲ့ပွတ်သပ်ပေးလိုက်ရင်းအကြံတစ်ခုရသွားကာ ပြုံးလိုက်သည်။

"မင်းမှာ Tan ရှိတော့လေ အဖော်လေးရအောင်ယုန်လေးမွေးပါလား အမဲရောင်လေးဆင်တူ ၊ဆင်တူ"

"မမွေးနိုင်ပါဘူး ငါ့ Tan လေးထက်ဘယ်သူ့ကိုမှအခွင့်အရေးမပေးနိုင်ဘူး"

အဖွဲ့ထဲတွင်တစ်ယောက်ထဲရှိလှပါသော
ရွယ်တူသူငယ်ချင်းလေးသည်ဤသို့ဤပုံကျပ်မပြည့်သဖြင့် ယုန်လေးကိုအတင်းမမွေးစေချင်ပြန်တော့...။

"မင်းကမွေးဆိုရင်တော့ ဒီက Hyung nim
ကမွေးချင်တာပေါ့။ဒါပေမယ့် ငါကနုနုယွယွကိုင်တတ်တာမဟုတ်တော့ ယုန်လေးနှစ်ပိုင်းကြိုးသွားရင်ဘယ်လိုလုပ်မလဲ..."

ညာဏ်ကောင်းလွန်းသောအဖွဲ့ခေါင်းဆောင်၏ ဘာကိုင်ကိုင်ကျိုးနေသောဂုဏ်သတ္တိကလည်းမသေးသည်မို့မဖြစ်နိုင်ပြန်...။

"ယုန်တွေကအသည်းငယ်တယ်လို့်ကြားဖူးတယ်။ငါ့ရဲ့အသံနဲ့ဖြစ်ပါ့မလား"

♡You're Mine„ Bunny♡Where stories live. Discover now