3🐰

774 134 105
                                    

"အားးးးး"
"အားးးး"

ပြိုင်တူအော်သံသည်တစ်ချိန်တည်း တစ်နေရာတည်းမှာ အိမ်ကြီးထဲကျယ်ကျယ်လောင်​လောင်...။

သူ့အိမ်ထဲမှာ သူမသိသော တစိမ်းယောင်္ကျားတစ်ယောက်ကိုတွေ့၍ လန့်ဖြန့်ကာ အော်ဟစ်လိုက်ပေမယ့် ထိုလူကလည်းသူ့အားပြန်လန့်ကာ အော်ဟစ်ပုံကဆန်းဆန်းပြားပြား...။သူခိုးကလူပြန်ဟစ်တယ်ဆိုတာဒါမျိုးလား...။

သူစိမ်းဟာ ပိန်ပိန်ပါးပါးဖြူဖြူရော်​ရော်လေးဖြစ်ကာ သူနဲ့မတိမ်းမယိမ်းအရပ်ကလေးအနည်းငယ်မြင့်သည်။မျက်ဝန်းကြီးကြီးတွေနဲ့ သူကြည့်သလိုပြန်ကြည့်နေပုံက သူ့ထက်ပို၍ပင် လန့်နေသလို။

"ဖြန်းးးး"

မူးနေတာမို့ အမှန်လား အမှားလားမသဲကွဲ...။ထိုလူ့ရင်ဘတ်အား စမ်းစစ်ရန်ရိုက်ပစ်လိုက်သည်မှာ အသံတောင်ထွက်သည်အထိ။

"နာတယ် သူများအသားနုနုလေးကို"

သူရိုက်လိုက်၍ ငိုမဲ့မဲ့မျက်နှာလေးဖြင့် ရန်တွေ့သလို ငြူငြူစူစူလေးအော်သည်။သူများအိမ်ထဲလည်းခိုးဝင်သေးတယ်။သူကတပြန်စိတ်ကောက်နေသေးသည်။ဘာလေးလဲဟ...။

"နေပါအုံး ဒါ ငါ့အင်္ကျီမှတ်လား ပြန်ပေး!"

ရှားရှားပါးပါး Min PD ပေးထားသောတစ်ခုတည်းသောလက်ဆောင် သိုးမွှေးအဖြူရောင်အင်္ကျီလေးအား ထိုလူစိမ်းကဝတ်ထားတာမို့ သူစိတ်ထဲဘာမှမမြင်တော့စွာ အင်္ကျီလေးအားအတင်းဆွဲကာ ပြန်တောင်းသည်။မူးနေရင် ပလပ်ကျွတ်တာမို့ အင်္ကျီပြန်ရရေး ဒို့အရေး ပဲ။

"ပြန်ပေးလို့ရဘူးလေ Koo အင်္ကျီမရှိဘူး"

"မရှိရင် မဝတ်နဲ့ ပြန်ပေး သူခိုးလေး!!"

"သူခိုးမဟုတ်ဘူး ခဏ.. ခဏငှားဝတ်တာ"

နှုတ်ခမ်းပါးလေးတွေတစ်ထော်ထော်နဲ့ သူ့အားမျက်လုံးလေးတွေပါပြူးကာရန်​တွေ့သည်။နေပါအုံး ဒီမျက်လုံးတွေကို ရင်းနှီးနေပါတယ်။ဘယ်နေရာမှာပါလိမ့်...။

ထားပါ။ဒီသူစိမ်းဆီ အင်္ကျီမပါသွားဖို့ကအရေးကြီးတယ်။

"မလိုချင်ဘူး ခုချွတ်"

♡You're Mine„ Bunny♡Where stories live. Discover now