🦋 13 🦋

5.1K 616 47
                                    

ဒီတကြိမ်က သိမ်ငယ်ခဲ့ရသမျှအား ချေပစ်နိုင်မည့် အခွင့်အရေးဟု Elroy ထင်ထားသမျှက တက်တက်စင်အောင်လွဲခဲ့ပြီး အဆောင်အယောင်ပြန်ရရှိထားသည့် အိုင်းဆက်ဧ။်ရှေ့မှောက်၌ ခါးတောင်ပြန်မမတ်ရဲသေးပေ။ မင်းသားအိုင်းဆက်နှင့် သူဧ။်အစောင့်အရှောက်တို့ အန်ချီခန်းမဆောင်မှထွက်ခွာပြီး ခန်းမဧ။်ပြင်ပဆီရောက်၍ မကြာမီမှာပင် အားပါလှသည့် ရိုက်ချက်တခုက Elroy ဧ။် ပါးပြင်ပေါ်ကျရောက်လာခဲ့သည်။

"ဘယ်လိုအတွေး ဘယ်လိုသတ္တိနဲ့များ မိုခီတာရဲ့အိမ်ရှေ့စံကို မင်းထိပါးလိုက်လေသလဲ Elroy"

"အရာအားလုံးက ခမည်းတော်အတွက် ကျွန်တော်ကြိုးပမ်းပေးရင်းက ဖြစ်ပေါ်ခဲ့ရတာပါ ခမည်းတော်"

"ကြိုးပမ်းတယ် ဘယ်အရာကို မင်းကြိုးပမ်းပေးနေလို့လဲ "

"မိုခီတာနဲ့ကန်းထရစ်မင်းကြီးကို ကျော်လွန်ချင်တာ ခမည်းတော်ရဲ့ အဖြစ်ချင်ဆုံးဆန္ဒမဟုတ်ဘူးလား ။ အဲ့ဒီဆန္ဒကို ဖြည့်ဆည်းနိုင်ဖို့ ကျွန်တော် အစွမ်းကုန်အားထုတ်နေတာကို အသိအမှတ် မပြုဘူးဆိုရင်တောင် မြင်အောင်ကြည့်ပေးပါခမည်းတော်။"

"တိတ်စမ်းပါ Elroy မင်းလုပ်ခဲ့တဲ့အကျိုးဆက်က ကန်းထရစ်ကို ငါဘယ်လောက် တောင်းပန်ရိုကျိုးခဲ့ရသလဲ သိရဲ့လား။ မင်းပြောသလို ငါ့ဆန္ဒကို မင်းဖြည့်ဆည်း​ပေးဖို့ ကြိုးပမ်း​နေတယ်ဆို အခုက ဘယ်လိုဖြစ်ခဲ့ရသလဲ။ ငါ ပြားပြားဝပ်မတတ် ငါရိုကျိုးခဲ့ရတယ်။"

"အခု သိမ်ငယ်ရမှုတွေအတွက် မှတ်သားထားပါ ခမည်းတော်။ မကြာတော့မယ့် ရက်တွေအတွင်း ​ချေဖျက်နိုင်မယ့်အခွင့်အ​ရေးတခု ကျွန်တော်ဖန်တီးပေးပါ့မယ်။"

"ဘာမှမင်းထပ်မလုပ်နဲ့ မင်းလုပ်သမျှက နည်းစနစ်မကျ ရန်လိုမှုတွေနဲ့သာ အဆုံးသတ်စမြဲပဲ။ မင်းကတကယ်ပဲ အန်ချီရဲ့အိမ်​ရှေစံ မဖြစ်ထိုက်​ပေဘူး Elroy "

"ခမည်းတော်! ကျုပ်က ခမည်းတော်အားထားခဲ့ရတဲ့ သား​တော်လောက်တော့ မျက်နှာပန်းလှချင်မှလှမယ်။ ဒါပေမဲ့ ကျုပ်ရဲ့ရှင်သန်မှုက အန်ချီနဲ့ခမည်းတော်အပေါ်မှာ တည်မှီနေတာကိုတော့ ယုံပေးလှည့်ပါ။ ဘယ်သူမှမသိရင်တောင် ခမည်းတော်ကတော့ သေချာသိနှင့်နေမှာပါ။ ကျုပ်ကခမည်း​တော်ရဲ့ အချစ်ဆုံးသားတော် မဟုတ်သည့်တိုင် စိတ်ဓာတ်ခြင်းကတော့ တစ်ထပ်တည်းတူနေတဲ့သူဆိုတာ"

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now