နှစ်သစ်ဆုမွန်ကောင်း (နှစ်သစ်ဆုမွန်ကောင်း)

2.3K 139 2
                                    

နှစ်သစ်ဆုမွန်ကောင်း

ပထမဦးစွာ ပြောချင်တာက 2023 ဆိုတဲ့ နှစ်အသစ်လေးမှာ ဖတ်ရှူသူအားလုံးလဲ စိတ်ဧ။်ချမ်းသာခြင်း၊ ကိုယ်ဧ။်ကျန်းမာခြင်းတွေပြည့်စုံပြီး အခက်အခဲ၊ အရံအတားတွေမရှိပါပဲ စိတ်ဆန္ဒရှိရာ အိမ်မက်များကိုအကောင်အထည်ဖော်နိုင်ပါစေလို့ ကျွန်မ choyee6 က ဆန္ဒပြုဆုတောင်းလိုက်ပါတယ်ရှင်။

စာလေးကအနည်းငယ်ရှည်ပေမယ့် အကုန်လုံးကိုထည့်ပြောချင်လို့ဖတ်ပေးပါဦး။

နှစ်အသစ်ဆိုတော့ အတွေးအမြင်တွေနဲ့ စိတ်ကူးအိမ်မက်တွေ ချမှတ်လိုက်တဲ့ ကိစ္စရပ်တွေလဲ ကိုယ်စီကိုယ်ဌ ရှိနေကြမှာပါ။ 2022 မှာ ကျွန်မအတွက် failure များခဲ့ပါတယ်၊ Personal Life ရော လုပ်ငန်းကိစ္စတွေမှာရော အပါအဝင်ပေါ့။ ဒါပေမဲ့ 2022 မှာပဲ တချို့ကိစ္စရပ်တွေကို ရပ်တန့်နိုင်ခဲ့တယ် စိတ်ဓာတ်အမှန်တွေပေါ်လာကြလို့ တချို့သောသူတွေနဲ့လဲ အပြီးတိုင်လမ်းခွဲနိုင်ခဲ့တဲ့အတွက် အဲ့ဒါဟာ 2022 အတွင်း ကျွန်မရရှိခဲ့တဲ့  ဆုလာဒ်တခုပါပဲ။

ဆိုတော့ ဒီနှစ်သစ်မှာ ကျွန်မသည်လည်းအများနည်းတူ Plan များစွာရှိနေခဲ့တာပေါ့။ အဲ့ဒီအတွက် စာရေးခြင်းလဲအပါအဝင်ပါ။ Wattpad လောကထဲကို Yizhan (Bromance) fanfiction နဲ့စတင်ဝင်ရောက်ခဲ့ပြီး အခုအချိန်မှာတော့ Endless story လို့တောင် အမည်တပ်လို့ရတဲ့ Follow The Command ဆိုတဲ့ခေါင်းစဉ်နဲ့ Fanfic ကိုသာရေးပြီး Own Creation ဘက်ကိုရောက်နေခဲ့ပါပြီ။

ဒါပေမဲ့ ကျွန်မက ကျွန်မရဲ့အသိတစ်ယောက်ပြောသလို choyee6 ဆိုတာ Bromance ရေးတဲ့ အော်သာလေလို့ တချို့ကမြင်ရအောင်အထိ Bromance Author ဆိုတာက ကျွန်မရဲ့ Trade mark တစ်ခုသဖွယ်ဖြစ်ခဲ့ပါတယ် ။ ဒါကြောင့် ကျွန်မကလဲဒါကိုထိန်းသိမ်းထားချင်လို့ အသစ်အသစ်သော OC တွေနဲ့အတူ Fanfic ဖြစ်တဲ့ Follow The Command ကို Season တွေ မြောက်များစွာနဲ့ ဆက်လက်ရေးသားမှာပါ။

အခုလဲ "Victim But Perpetrator " ဆိုတဲ့ အနောက်တိုင်း OC လေးတစ်ပုဒ်ကို စတင်ဖို့အရှိန်ယူနေပါပြီမို့လို့ lb ထဲ ထည့်ချင်ထည့်ထားလို့ရပါတယ် အချိန်ခဏတော့ စောင့်ရဦးမှာပါ။ အချိန်တစ်ခုအထိတော့ ကြာဦးမယ်ဆိုတာက လက်ရှိရေးနေဆဲဖြစ်တဲ့ နှစ်ခုရှိနေသေးလို့ပါ။ အဲ့ဒီအတွက်လဲ update ပြန်စမယ့်ရက်ကိုပြောခဲ့ပေးပါမယ်ရှင်။ ကိုယ်တိုင်လဲ သင်တန်းလေးတွေတက်ရတော့မှာမို့ update ကတော့ ရက်လေးတွေခြားနေပါဦးမယ်။

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now