🦋 26 🦋

3.9K 471 22
                                    

ရဲတိုက်ကြီးထံသို့ မသွားရသည့်ရက်ပေမို့ ကုတင်လေးပေါ်လှဲနေရာက ဒီဘက်ခေတ် Kingsley ဧ။် လူနေမှုအကျင့်စရိုက်ကို ကောင်းယံပြန်သုံးသပ်နေမိသည်။ ခိုင်ခံ့သည်ကလွဲ၍ သာမာန်အရပ်သားတွေလောက်တောင် မတောက်ပြောင်သည့် အိမ်ငယ်လေးက ထို Kingsley မှာ ကြွားဝါခြင်းကို မနှစ်သက်သည့်အဓိပ္ပယ်ဖြစ်ပြီး မိမိရောက်လာစဉ်က ပစ္စည်းများနေသားတကျဖြင့် သန့်ရှင်းသပ်ရပ်သည့် အသွင်သဏ္ဍန်ကလဲ စည်းကမ်းကြီးမားခြင်းကိုပြသနေသည်။ ထိုမျှမကသေး ကုတင်အောက်တွင်ရှိသည့် အိုးငယ်လေးထဲ ဒဂါင်္ပြားတွေအများအပြားမှတစ်ဆင့် စုဆောင်းသုံးစွဲတတ်သူဖြစ်ကြောင်း သိရှိနိုင်ပြီး ခြုံပြောရသော် မိုခီတာရဲ့ Kingsley က ဘဝကိုရိုးရှင်းစွာဖြတ်သန်းနေသည့် သူတစ်ယောက်ပင်။

"စစ်သူကြီး အပြင်မှာအဝတ်တွေမရုတ်ဘူးလား မိုးရွာတော့မယ်"

ခပ်လောလောအသံနှင့်အတူ ဖျတ်ခနဲအိမ်ထဲရောက်လာသည့် Land က အထုတ်တစ်ထုပ်ကို ဆွဲထားသည့်အပြင် မိမိလျှော်လှန်းထားသည့် ဝတ်စုံတွေပါရုတ်လာခြင်းကြောင့် မနိုင်မနင်းဖြစ်နေရှာသည်။ ကပျာမယာထကာ အကျီင်္များကိုလက်လွှဲယူပြီး ပြင်ပဆီသို့ကြည့်လိုက်သည့် တခဏ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ပါးစပ်ပင်ဟောင်းလောင်းပွင့်သွားရတော့သည်။

"Land ဒီမှာမိုးရွာရင် ဒီလိုမျိုးပဲလား"

"ကျွန်တော်မွေးဖွားစဉ်ကတည်းကတော့ ဒီလိုမဲမှောင်နေတာကိုကြုံဖူးတာ ဒါပထမဆုံးပါပဲ စစ်သူကြီး"

နေ့ခင်းသာသာမျှ ရှိနေချိန်ဖြစ်သော်ငြား နေဝင်စအချိန်နှင့်မခြားမှောင်မိုက်နေပြီး မည်းညို့နေသည့်တိမ်လိပ်များက ကောင်းကင်ယံဆီမှာ အလွှာတခုဖြန့်ခင်းထားသည့်အလား ထုထည်လိုက်ကိုဖြစ်လို့နေသည် ။ မိမိတို့အပေါ်ပြိုကျလုဆဲဆဲ မျက်နှာကျက်သဖွယ်။ လှမ်းမြင်နေရသည့်တောအုပ်ကြီးရှိ အပင်တွေမှာ သိသိသာသာယိမ်းထိုးနေကာ ထိုနေရာမှဖြတ်လာသည့် လေထုဧ။်အင်အားက ပြင်းထန်လွန်း၍ လမ်းမပေါ်ရှိဆိုင်လေးများဧ။် အမိုးအကာများ လွင့်စင်ယုံမက သွားလာနေကြဆဲလူတွေပင် မြေကြီးပေါ်ဝပ်ချထားရသည်အထိ။

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Nơi câu chuyện tồn tại. Hãy khám phá bây giờ