"နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ"အပိုင်း၃၅
ယွင်မုန့်မနက်ခင်းမှာတော့..ညကတည်းကရောက်လာပီဖြစ်တဲ့ နှင်းသခင်၁ လန်ရှီးချန်နဲ့အတူ ကျန်သည့်ဂိုဏ်းသားများအားလုံး နေရပ်သို့ပြန်ကြမည်ဖြစ်သည်
ဝမ့်ကျီးငယ်ကိုယ်လေးအား မြင်းလှည်းပေါ်သို့ပြောင်းရွှေ့ပီးပီဖြစ်သည်
ကျန်းဂိုဏ်းသခင်.ကျန်းချန်နဲ့အစ်မတော်ကျန်ယန်လီတို့မှလည်း လိုက်ပါပို့ဆောင်မည်ဖြစ်သည်
ရေခဲတောင်နှင်းဂိုဏ်းမှာပြုလုပ်မဲ့လအစည်းအဝေးကို..တက်ရောက်ရန်လည်းဖြစ်တော့သည်..လန်သခင်ကြီး၏ ဖိတ်ကြားချက်ကြောင့်ပင်
သူတို့တေထွက်ဖို့ပြင်နေချိန်...
"ရွှယ်ယမ်သခင်လေး "
ခေါ်လာသူက အားချင့်
"အင်းပေါ့ပါ အားချင့်မိန်းကလေး "
"ကျမတို့ရဲ့ လဓားဆရာလေးရှင်းချန်ကို တစ်ပတ်အတွင်းပြန်ပို့ပေး "
"စိတ်ချ တစ်သက်လုံးပြန်မပို့ဘူး "
"ဗျာ "
ရှင်းချန်..လန့်သွားလို့ ဗျာလိုက်ခြင်း..ရှက်သည်ဆို ပိုမှန်မည်
"ဟဲ..ဘာမှမဟုတ်ဘူး စိတ်ထဲမထားနဲ့ ဟီး..ကျွန်တော်က အားချင့်ကိုစလိုက်တာပါ သခင်လေးကလည်း"
ဆိုတော့ ပြုံး၍သာ ခေါင်းငုံ့သွားတော့သည်
"ကျင်းရီနဲ့ ကျင်းလင်ကတော့ အစ်ကို၁ ရဲ့ စာအရ အတွေ့အကြုံ ရရန် နှင်းဂိုဏ်းထိ လိုက်ပါပို့ဆောင်မည်ဖြစ်သည် လမ်းတွင် စိတ်ချရရန်လည်းဖြစ်သည်
နွဲ့ဟွိုက်ဆန်းလည်း နည်းတူပင်
အင်း..စတွေ့ကတည်းက ပန်းဂိုဏ်းသခင်နဲ့ နှင်းဂိုဏ်းသခင်လေးတို့နဲ့ မခွဲပဲ ဒီထိရောက်လာတာ
နှင်းသခင်လေး ခုလိုဖြစ်တော့ စိတ်ထဲမကောင်းတော့ပေ သို့နှင့် သူတို့ခရီးစထွက်ခဲ့ကြပီပဲဆိုပါစို့...
ရေခဲတောင်နှင်းဂိုဏ်းရဲ့ အအေးဆောင်ထဲတွင် တစ်ခါမှ အပြင်ထွက်မလာဖူးသော သခင်ကြီး လန်ကျိချန်ပင် တူတော်နှင်းသခင်ငယ်ဟန်ကွမ်ကျွင်းလေးအား ထွက်၍ ဒဏ်ရာကြည့်ရှုပေးနေသည်
YOU ARE READING
နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ
Historical Fictionသိုင်းလောကရဲ့..ရှားပါးပစ္စည်း..အဖျက်စွမ်းအင်ပေါင်းများစွာနှင့်မီးတောင်မိစ္စာဓား.. ရှောင်လင်ကျောင်းမှအစပြု၍.ပြည်သူတွေမနစ်နာစေရေး.သိုင်းဂိုဏ်းပေါင်းစုံမှ..ရှာဖွေရန်ဖြစ်လာတော့... ..တာဝန်နဲ့ဝတ္တရားထက်ပိုသော.ဆက်နွှယ်မှုမြောက်မြားစွာနဲ့..ပန်းဂိုဏ်းသခင်လေးဝေ့ရ...