နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ အပိုင်း ၇၈

103 5 0
                                    

"နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ"အပိုင်း၇၈
.
.
.
.
.
ပန်းသခင်လေးဝေ့ရင်းကတော့ သူ့ရဲ့ချစ်ရသူလေးကို အခမ်းအနားထဲသို့ပင် ပြန်ခေါ်လာခဲ့လိုက်တော့သည်

ပနိးသခင်လေးဝေ့ရင်းရဲ့ ထွက်နေတဲ့ဒေါသ မျက်နှာပျက်ယွင်းမှုအခြေအနေရယ်

နှင်းသခင်ငယ်လေးရဲ့ ဝိုင်းကြည့်နေကြသောလူများကို တစ်ချက်သာဝေ့ကြည့်ပီး မျက်နှာလေးအောက်ငုံ့သွားတဲ့

မျက်နှာမကောင်းပဲ မျက်နှာငယ်လေးဖြစ်နေသော အခြေအနေတို့ကြောင့် အားလုံးမှာ သိချင်နေမှိကြတော့သည်

အပြင်လေးခနထွက်သွားတာ ဘာတေများဖြစ်လာခဲ့ကြပါလိမ့်

ထိုစဉ်ပင် ပန်းသခင်လေး၃ရွှယ်ယမ် နဲ့ လဓားဆရာလေးရှောင်ရှင်းချန် တို့ ဝင်ရောက်လာကြပီး

ဘေးနားကနွဲ့ဟွိုက်ဆန်းနဲ့ ကျင်းရီတို့အားပြောပြနေသည်

ထိုမှတဆင့် ဘေးချင်းကပ်ရက်စီ ပြောသွားကြသောအခါ အားလုံးက မင်းသမီး၃ ကျိုးဖေ့အာကြောင့်ဆိုတာသိသွားကြရသည်

အားလုံးက ခံပြင်းနေကြသည် သို့သော်ဘာမှမပြောသာ

တဖက်ကတိုင်းပြည်မင်းသမီးဖြစ်နေသောအခါ

လန်ရှီးချန်မှာလည်း ညီတော်လေးအားသာ စိုးရိမ်နေမှိတော့သည်

ကျန်းရန်လီယွင်မုန့်သခင်မကတော့ အခြေအနေကိုသဘောပေါက်စွာ နှင်းသခင်ငယ်လေးဆီသွား၍

"နှင်းသခင်ငယ်လေး အဆင်ပြေရဲ့လား "

ယွင်မုန့်သခင်မ ချိုက်ရီသခင်၁ရဲ့ ဇနီးလောင်းကိုယ်တိုင်လာမေးနေတော့ ကိစ္စတို့မကြီးစေချင်တာကြောင့်

"ဟုတ်ကဲ့ "လို့သာ ပြန်ဖြေမှိသည်

ကျင်းဇီရွှမ်းမှာလည်း ကျန်းရန်လီတို့ထသွားကတည်းက ပွဲကီးပွဲကောင်းကြည့်ရတော့မည်ဟုသာ စိတ်ထဲတွေးနေမှိတော့တာ

နှင်းသခင်ငယ်လေးနဲ့ပတ်သက်လာလျှင် ရန်လီတို့ဘယ်သူ့ကိုမှ သည်းခံမည်မဟုတ်မှန်း သူ့အသိပေမလား

နှင်းသခင်ငယ်လေးကရော သူ့ထုံးစံအတိုင်း ရေငုံနှုတ်ပိတ်သာ

နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာWhere stories live. Discover now