"နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ"အပိုင်း၄၈
ရှေ့ဆက်အားတင်းပီးသာ ချစ်ရသူဆီ သွားရပေအုံးမည်..သူ့ရင်ဘတ်ကြားမှ နှင်းပုဝါလေးကို ဖွဖွလေးကိုင်စမ်းလို့ပေါ့
သူ့ရဲ့ မီးတောင်မိစ္ဆာဓားကိုလည်း ကျစ်ကျစ်ဆုပ်ကိုင်ထားသေးသည်
ခုမှသတိတရ ရှိမှိတာက ညီ၂ ဝိမ်နင်ဆီ ဂိုဏ်းတွင်းစာပို့နည်းဖြင့် သူလာနေပီဆိုသည့်အကြောင်း ကြိုတင်အသိပေးထားရန်ဖြစ်သည်
စာပို့အပြီး စမ်းချောင်းလေးမှ ရေကြည်တို့ဖြင့် မျက်နှာသစ်ရင်း သတိရမှိသည်က သူ့ရဲ့နှင်းလုံးငယ်လေးကိုပင်
'ခလေးငယ်ရေ...မင်းက စမ်းချောင်းလေးတေမှာ ရေဆော့ပီး ထိုင်ငေးရတာ ကြိုက်တယ်မလား
မင်းချစ်တတ်တဲ့ နေရာလေးတေ တွေ့ရတိုင်း မင်းကိုပဲ သတိရမှိတယ်
ကိုယ်အရမ်းတစ်ကိုယ်ကောင်းဆန်မှိတယ်မလား မင်းကိုကာကွယ်မယ်ဆိုပီး ထိခိုက်စေမှိခဲ့တာ
ကိုယ်အတ္တကြီးတယ်မလား မင်းအသက်နဲ့ရင်း ထိန်းချုပ်ပေးရတဲ့ဒီဓားကို ကိုင်သုံးစွဲနေတာ
ခလေးရယ်...ကိုယ်မုန်းစရာကောင်းတယ်မလား အချိန်တိုင်းအနားမှာ ရှိနေပေးမယ်ဆိုပီး အချိန်အကြာကြီး ပစ်ထားခဲ့မှိတာ
ကိုယ်က ကလေးမေတ္တာတေနဲ့ မတန်တဲ့လူသားပါ..'
အတွေးတို့နဲ့အတူ ပန်းဂိုဏ်းရဲ့အရှင်သခင်ဟာ..သူ့ချစ်ရသူလေးအတွက် ပါးပြင်မှာ မြစ်တစ်မြစ်စီးဆင်းစေခဲ့ပြီ...
ဖိတ်လျံမြို့. မြို့တွင်းအခြေအနေက တည်ငြိမ်သလောက်ရှိရပေမဲ့ မိစ္ဆာနဲ့နတ်ဆိုး ပူးပေါင်းလိုက်ကြပြီဆိုတဲ့
ပန်းသခင်လေး၁နဲ့ ချိုက်ရီသခင်၁ တို့ သတင်းပေးချက်အရ အခြေအနေတေက တမျိုးတဖုံပြောင်းလဲသွားခဲ့သည်
သခင်၁ နွဲ့မင်ကြွယ်က ခေါင်းဆောင်တေနဲ့ ထိုအရေးကိစ္စတိုင်ပင်ရန်စုဝေးစင်ဆီသို့ ခရီးထွက်သွားချေပြန်ပြီ
ကျန်ခဲ့တာကတော့ ညီ၃နွဲ့ဟွဲ့ဟွိုက်ဆန်းနဲ့ အစ်ကို၂ နွဲ့မုန့်ယောင်
YOU ARE READING
နှင်းဧကရာဇ်နှင့်ရေမီးနှစ်မွှာမီးမိစ္ဆာ
Historical Fictionသိုင်းလောကရဲ့..ရှားပါးပစ္စည်း..အဖျက်စွမ်းအင်ပေါင်းများစွာနှင့်မီးတောင်မိစ္စာဓား.. ရှောင်လင်ကျောင်းမှအစပြု၍.ပြည်သူတွေမနစ်နာစေရေး.သိုင်းဂိုဏ်းပေါင်းစုံမှ..ရှာဖွေရန်ဖြစ်လာတော့... ..တာဝန်နဲ့ဝတ္တရားထက်ပိုသော.ဆက်နွှယ်မှုမြောက်မြားစွာနဲ့..ပန်းဂိုဏ်းသခင်လေးဝေ့ရ...