chapter 19 uni&zaw

9.3K 483 39
                                    


ချစ်၍ရွာသောမိုးတွေ☔....၁၉

အပိုင်း-၁၉

အိမ်သူ့မှာညကြီးမင်းကြီးမို့လမ်းထဲကဆိုက္ကားဆရာကိုနိူးခေါ်ရသည်။ကံကောင်းတာကဆိုက္ကားဆရာကမအိပ်သေးသဖြင့်..တစ်ရပ်ကွက်ကျော်ကိုဆိုက်ကယ်ရီနဲ့အမြန်ပြေးလာရတော့သည်။
အိမ်ပေါ်ကိုဒရောသောပါးပြေးတတ်ပြီး...
" ဘာဖြစ်တာလဲ နင်တို့အဖေဘာဖြစ်တာလဲ.."

သူမတို့လင်မယားအခန်းကဒုတိယအထပ်မှာဖြစ်
သည်။ခလေးတွေကအခန်းထဲကသူတို့အဖေနားမှာ
ဝိုင်းအုံနေကြသည်။ ဉာဏ်ကျယ်ကတော့ကုတင်ပေါ်မှာပက်လက်နဲ့ဆန့်ဆန့်ကြီး...
" ဘာဖြစ်တာလဲ.."
" မသိဘူး ၊ အဖေဒီနေ့အရမ်းနောက်ကျမှပြန်လာတာ။ အရက်တွေသောက်လာတာလားမသိဘူး.."
" ဘာ...."

" သမီးကအဖေညစာမစားရသေးလို့လာမေးတာ..
အဖေကချောင်းတွေတအားဆိုးပြီးတော့အန်တယ်
ပြီးတော့အခုလိုဖြစ်သွားတာ..."
" ခေါ်လို့မရတော့ဘူး.."
ခလေးတွေကငိုနေသည်။ သူ့ပုံစံကြောင့်ခလေးတွေမပြောနဲ့အိမ်သူတောင်မျက်လုံးမျက်ဆန်ပြာနေ
ရပြီး...
" ဉာဏ်ကျယ်...ဉာဏ်..."
လူကလုံးဝသတိလစ်နေတာဖြစ်သည်။
" နင်တို့အဖေ သတိလစ်နေပြီ၊ ဆေးရုံပို့မှရမယ်
ကိုသန်းကိုအမြန်ခေါ်..."
" ဆေးရုံကားခေါ်ရမှာမဟုတ်ဘူးလား..."
" နံပတ်ကိုသိရင်ခေါ်လေ ဟယ်..."

ရွှေပိုးဉာဏ်နဲ့ကွန့်မြူးဉာဏ်ကနှစ်နေရာလုံးအပြိုင်ခေါ်လိုက်တော့ဒရိုင်ဘာကိုသန်းကအရင်ရောက်လာတယ်၊ သူ့အိမ်ကနီးတာကိုး..
" လာ လာကူတွဲပါအုံး.."
အိမ်သူတို့မှာသူ့ကိုယ်ကိုမနိုင်တနိုင်မပြီးလှေကား
ပေါ်ကဆင်းရသည်။ ဟုတ်တယ် အကျီကအရက်နံ့
ရတယ်။လူကသတိလစ်ပြီးအသားတွေကအေးနေတာရရယ်...
" လာ လာ နင်အမြန်တတ်...ကွန်မြူးဉာဏ်နင်အိမ်
စောင့်နေရစ်ခဲ့..."

ရွှေပိုးဉာဏ်ကိုပဲအဖော်ခေါ်လာပြီး၊နီးတဲ့ပန်းလှိုင်ဆေးရုံကိုအမြန်ပြေးရတော့သည်။
လမ်းမှာလည်းသူ့နှာခေါင်းကိုရှူဆေးနဲ့တို့ပြီး၊ တစ်လမ်းလုံးဘုရားစာရွတ်လာရသည်။
အိုး ရွတ်တယ်သာပြောတာပါ၊ စိတ်ကကယောက်ကယက်ဖြစ်နေတာ၊ ဘာရွတ်လို့ရွတ်မိမှန်းတောင်မသိ။
" အဖေ...အဖေ..."
ရွှေပိုးဉာဏ်ကလည်းသူ့အဖေကိုအဆက်မပြတ်လှုပ်နိူးနေတော့တယ်။

ချစ်၍ရွာသောမိုးတွေ☔Where stories live. Discover now