Chapter 23 Uni&zaw

7.6K 393 18
                                    


ချစ်၍ရွာသောမိုးတွေ☔....၂၃

အပိုင်း-၂၃

(ရွှေပိုးဉာဏ်ငယ်ငယ်တုန်းကတစ်ခါတစ်လေကြရင်ပြောဆိုရတာမကောင်းရင်အိမ်သူကငယ်ကျိုးငယ်
နာဖော်တဲ့အနေနဲ့...

" ညည်းငယ်ငယ်ကချူချာလွန်းလို့ဆရာဝန်ပြရလွန်းတော့၊ ဆရာဝန်လင်မယားကတောင်မွေးစားဖို့
တောင်းသေးတယ်..."
ဘာညာဆိုပြီးပြောလျှင်၊အဲ့ခလေးမက..
" ဒါဆိုဘာလို့မပေးလိုက်တာလဲ.."
" ငါကပေးမလို့လေ၊ နင့်အဖေကမပေးဘူးလုပ်နေတာ.."

"ပေးလိုက်တာမဟုတ်ဘူး၊ ဒါဆိုသမီးလည်းဆရာဝန်မကြီးဖြစ်ပြီပေါ့...
သမီးကြီးလာရင်အဖေ့လိုငါးမရောင်းချင်ပါဘူးနော်
ငါးစော်နံတယ်...."
နှာခေါင်းလေးညှစ်ညှစ်ပြီးပြောတဲ့အခါသူ့အဖေကတဟဲဟဲရယ်ပါသည်။
" ငါးမရောင်းရင် သမီးကဘာလုပ်မှာလဲ.."
" ဆရာဝန်မကြီးလုပ်မှာပါဆို..."

သူ့သမီးကနံတယ်ပြောလို့ ငါးဈေးကိုဘယ်တော့မှ
မခေါ်သွားတော့ပေ။
ငယ်ငယ်ကတည်းကဆော့စရာဆိုအိုးပုတ်၊အရုပ်တွေထက် ဆရာဝန်နားကြပ်နဲ့ဟာပဲလက်ညိုးထိုးတာ...၊ နေ့လည်ဘက်အိမ်ပြန်အိပ်တဲ့သူ့အဖေက
သူ့ရဲ့လူနာပဲ...
" ဆေးထိုးမယ် ဟိုဖက်လှည့်၊ဟိုဖက်လှည့်လို့.."
" ငါ့သမီးကတော့ မနိုင်ဘူးဟေ့၊ ကဲလှည့်ပြီဗျ
လှည့်ပြီ..."

"အားဖြေးဖြေးထိုးဗျ၊ နာတယ်ဆရာမရဲ့.."
" ဆေးကိုပုံမှန်သောက်ရမယ်နော်.."
" ဟုတ်ပါပြီ..ဟုတ်ပါဗျ.." )

အဲ့လိုမျိုးဦးဉာဏ်ကျယ့်အသဲကြော်ဖြစ်ခဲ့တာလေ။
ကျောင်းတတ်တော့လည်းစာတော်တော့ဆုတွေ
နှစ်တိုင်းရပါတယ်။အလယ်တန်းတောင်မတတ်ဘူး
တဲ့ဦးဉာဏ်ကျယ်က သူ့သမီးရဲ့ကျောင်းရီပိုစ့်ကတ်
မှာလက်မှတ်ထိုးရတာကို သဘောကြသတဲ့...
အဆင့်တစ်ရတိုင်းရွှေပိုးဉာဏ်တစ်ယောက်ကလိုချင်တာတစ်ခုပြန်တောင်းတော့တာပဲ...။

ကိုးတန်းစတတ်ရတော့လည်း...
" သမီးကဆရာဝန်လုပ်မှာမို့ bioယူရမယ်"
ဟုကိုယ်တိုင်ရွေးခဲ့တာ။
မိဘကလည်းတွန်းအားပေးသလိုကိုယ်တိုင်ကလည်းအရမ်းကိုဆရာဝန်ဖြစ်ချင်ခဲ့တဲ့ခလေးမပါ။

သူ့အဖေကသူ့သမီးကိုဘယ်လောက်တောင်တိုလည်းဆိုရင်သူ့ငါးဒိုင်ကအလုပ်သမားတွေကိုတောင်
အိမ်ကိုဝင်ထွက်ခိုင်းတာမဟုတ်ဘူး။

ချစ်၍ရွာသောမိုးတွေ☔Where stories live. Discover now