Chapter 20 uni&zaw

10.3K 464 23
                                    


ချစ်၍ရွာသောမိုးတွေ☔....၂၀

                      အပိုင်း-၂၀

" လာပြီးလူလည်မကျနဲ့နော် ဉာဏ်ကျယ်...
ဒီမှာငါ အရင်ကအိမ်သူမဟုတ်တော့ဘူး.."
" ဟုတ်လား...ဘယ်နားတွေပြောင်းလဲသွားတာလဲ
ုကြည့်ရအောင်..."
" လွှတ်စမ်းပါ..."
" မလွှတ်ပါဘူး၊ အရင်လိုမဟုတ်ဘူးဆိုတော့စစ်ကြည့်ရမယ်။ ပြန်လာကတည်းကသေချာမကြည့်ရသေးဘူး..."
" ဖယ်စမ်း...."

အိမ်သူကသူ့ကိုဖယ်ခွာနေတော့နှစ်ယောက်သား
တွန်းထိုးရင်းနဲ့နောက်က king sizeကုတင်နဲ့မွေ့
ယာခင်းပန်းရောင်ကြီးပေါ်ပစ်လဲကြတော့သည်။
ဒါလည်းသူတမင်လုပ်တာပဲနေမှာပေါ့...

" ဘာဖြစ်နေတာလဲ၊ ငါအလုပ်လုပ်ရအုံးမှာကို.."
" မလုပ်နဲ့ထားလိုက်.... ပြော..."
" ဘာလဲ...."
" ဒီနေရာက မကျေနပ်တာတွေပြောလို့အကောင်း
ဆုံးပဲ၊ ခလေးတွေလည်းမရှိတုန်း ပြောကြည့်..."
" ရှင့်လက်တွေအခုဖယ်လိုက်..."

" ပြောမယ်ဆို ဖယ်ပေးမယ်.."
" ဉာဏ်ကျယ်.... "
" မကြီးကပြောသွားတယ်၊ မင်းမှာမကျေနပ်တာတွေများနေတယ်တဲ့ အဲ့တာဒီလင်ကသေချာနားမထောင်ပေးလို့ဖြစ်ရတာတဲ့... ကဲ
အဲ့တာကြောင့်အခုဒီလင်ကမေးနေတုန်းပြောလေ
ဘာကိုမကျေနပ်ဘူးလဲ.."

" ဘာမကျေနပ်တာလဲပြောရရင်.. ရှင့်ကိုဘာတစ်ခုမှမကျေနပ်ဘူး..."
" သြော်.. တော်တော်များနေတာပဲ...
အဲ့တာကိုတစ်ခုချင်းဆီပြောပြ..."
" ငါအဲ့လောက်မအားဘူး..."
" ကြည့်အုံး..ဟုတ်တယ်မင်းနည်းနည်းတော့ပြောင်းလဲသွားတာပဲ၊ ဘယ်သူလက်ထောက်ချပြီးသင်
ပေးလိုက်တာလဲ...ဟမ်"

" ငါကသင်ပေးမှတတ်မယ့်ခွေးလေးကြောင်လေး
မဟုတ်ဘူး... နင့်ကိုအစကတည်းကမကျေနပ်တာ
ဉာဏ်ကျယ်...."
" သြော် ဒီလင်သားကိုအငြိုးထားတယ်ပေါ့.."
" နင်ငါ့ကိုတနေ့မုန့်ဖိုး ၇ထောင်ပဲပေးတာဘယ်နနှစ်ရှိပြီလဲသိလား .. ဈာန်ဦးဉာဏ်မွေးကတည်းက
နော်..."
" အဲ့တာကြောင့်လား.."
" နင့်ခလေးတွေတောင်၅ထောင်ရပြီး ၊ ငါက၇ထောင်ပဲရတယ်၊ ငါကနင့်သမီးအကြီးဆုံးလား.."
" ••••"

" ပြီးတော့ ဒီလိုနေထိုင်နိုင်အောင်နင်ရှာဖွေခဲ့တာ
ဆိုပေမယ့်၊ ငါလည်းအိမ်မှာအလကားနေတာမဟုတ်ဘူးလေ..
နင်နဲ့ခလေးတွေအတွက်လိုလေသေးမရှိငါလုပ်ပေး
နေတာပဲ..."
" မောင်ကဘာပြောနေလို့လဲ..."

ချစ်၍ရွာသောမိုးတွေ☔Where stories live. Discover now