13

7.8K 528 33
                                    

Tae ဟာ Jungkook သူ့ကိုစိတ်ဆိုးနေမှန်းသိတာကြောင့် နှစ်ရက်သုံးရက်လောက် Jungkook စီမသွားပဲ ငြိမ်လို့နေသည်..

Jimin " Taehyung ကျောင်းတွေဘာတွေမှန်လို့ပါလား မင်းဘဲကြီးစီမသွားဘူးလား "

" သွားချင်တာတပိုင်းကိုသေနေတာပဲ ဟေ့ရောင် ဟိုနေက ကိစ္စဒေါသထွက်ထားလို့ ခဏရှောင်နေတာပဲရှိတယ် သွားမှာ "

Do "ဒါနဲ့ မင်းဖားသားကြီး မဂ်လာသတင်းကပြန့်နေပြီနော် "

" ဘာလည်းတအိမ်ထဲနေတဲ့ငါတောင်မသိတာ မင်းတို့ကဘယ်လိုသိ "

Jimin " မင်းသိတာ Jeon Jungkook တယောက်ပဲမဟုတ်လား."

" ဒါတော့ဒါပေါ့ ငါရဲ့ right person လေ သူက "

Do " မင်းကို ငါတို့မပြောတော့ဘူး မင်း​တော်တော်မွှန်နေပြီ "

Vody

ကုမ္မဏီရုံးခန်းထဲ အလုပ်စားပွဲမှာ ပါးချိုင့်ကြီးတွေချိုင့်ခွက်တဲ့အထိ ပြုံးရွှင်ကာဖုန်းပြောနေတဲ့ ဥက္ကဌကြီး Kim Namjoon သူပြုံးဆို တဖက်ကသူပြောနေတဲ့သူက သူ့ရဲ့အချစ်ဦး မကြာခင်လက်ထပ်တော့မယ် အမျိုးသားKim Seokjin ဖြစ်နေတာကို..

" အင်းးး ညနေတွေ့မယ်နော် အင်းး "

ဖုန်းချလိုက်ပြီး အနားမှာရပ်လို့နေတဲ့ အတွင်းရေးမှုးကို မေးငေါ့ကာဘာလည်းဆိုပြီးမေးလိုက်သည်..

" ဥက္ကဌကြီး စုံစမ်းခိုင်းထားတာသိရပါပြီ သူဌေးလေး က ခုကောင်လေးတယောက်နဲ့ တွဲသွားတွဲလာလုပ်နေပါတယ် ချစ်သူတွေဟုတ်မဟုတ် မသိရသေးပေမယ့် သူဌေးလေး ဘက်က ထိုကောင်လေးကို အသဲအသန်လိုက်ကပ်နေတာပါ "

" ဘာ ငါ့သားက နေစမ်းပါအုံး အဲ့ကောင်လေးက ဘယ်သူမို့လို့လည်း "

" ကား workshop က ကားပြင်ဆရာပါ "

"ဘာ!!!! ကားပြင်ဆရာကို ငါ့သားက "

"ဒီမှာပါဥက္ကဌကြီး အဲ့ကောင်လေးရဲ့ဓာတ်ပုံပါ လူဖြောင့်တယောက်ပါ သူ့နာမည်က Jeon Jungkook လို့ခေါ်ပါတယ် "

လက်ထဲက ဓာတ်ပုံကို သေချာစိုက်ကြည့်နေပြီး ကြားလိုက်ရတဲ့ နာမည်ကြောင့် ဥက္ကဌကြီးရဲ့ လက်တို့မသိမသာလေးတုန်လို့သွားသည်..

Vody (complete) Where stories live. Discover now