17

7.7K 508 74
                                    

မနက်အစောကြီးထကာ တောစျေးလေးကိုအပြေးထွက်ခဲ့တဲ့ Jungkook..ဆင်းရဲသောငါးဖမ်းသမားအဘိုးအိုတွေက နီးစပ်ရာမှာ ရတာလေးတွေကိုရှာဖွေလို့ အိမ်သူသက်ထားအဘွားအိုတွေက ဗန်းလေးတွေထဲထည့်ကာ စျေးသေးသေးလေးမှာ လာရောက်ရောင်းချကြသည်..

" အဘွား ဒါလေးဘယ်လောက်လည်း "

" သား အားလုံး won 1000 ပဲပေး "

" အဘွားသား အကုန်ယူလို့မဖြစ်ဘူး သားအိမ်မှာ စားမယ်သူမရှိလို့ ဒီငါးလေးတကောင်ပဲယူမယ် အဘွား "

" အေးအေးရတယ် ငါ့မြေးလေး ရော့ရော့ "

ငါးလေးတကောင်ရယ်.. ပုဇွန်ရယ် ဟင်းသီး ဟင်းရွက်ရယ် ဝယ်လို့လာတဲ့ Jungkook..သူပြန်ရောက်လာတာတောင်အိမ်ထဲက တယောက်ကမနိုးသေး.

အိမ်ခန်းလေးထဲ ဝင်ကြည့်တော့ တယောက်အိပ်အခင်းလေးကတနေရာ ခေါင်းအုံးကနံရံမှာကပ်လို့ စောင်ကကိုယ်တခြမ်းသာဖုံးလို့နေပြီး ခြေကားယားလက်ကားယားနဲ့ ဇောက်ထိုးအိပ်ပျော်နေတဲ့ Tae ကို ကြည့်ပြီး Jungkook ပြုံးနေမိသည်..

သူကအလုပ်သွားမှာကြောင့်အဆင်ပြေသလိုစားလိုက်လို့ရပေမယ့် Tae အတွက်ကတော့ သေချာလေးပြင်ပေးခဲ့သည်..သူမနက်စာခေါက်ဆွဲပြုတ်နေတုန်း အခန်းဝမှာမက်တပ်ရပ်လို့နေတဲ့ Tae..

" Tae နိုးပြီလား မျက်နှာသစ်ဖို့ အဆင်သင့်ပဲလုပ်ပေးထားတယ် ပြီးရင်မနက်စာ လာစားတော့"

Jungkook ကသာပြောနေတာ ဟိုကအခန်းဝကမရွေ့မျက်နှာလေးကမဲ့လို့နေသည်..

" Tae နေမကောင်းဘူးလား "

စားပွဲခုံလေးပေါ် ချက်ထားတဲ့ နေ့လည်စာ ငါးကင်လေးရယ် ပုဇွန်ကိုအချိုလေးကြော်ထားပေးတာရယ် အရွက်ကြော်လေးတပွဲရယ်ကိုတင်ကာ Tae စီသွားလို့ နဖူးလေးကိုစမ်းကြည့်နေတဲ့ Jungkook..

" ကိုယ်မပူပါဘူး "

" Tae ကိုယ်တွေလက်တွေကလေ ကိုင်ရိုက်ထားသလိုပဲညောင်းနေတာပဲ သိလား "

" အင်းကြမ်းပြင်မှာ အိပ်လိုက်လို့လေ Tae က အရင်ကမွေ့ယာနဲ့အိပ်နေကြဆိုတော့ ခုကြမ်းပြင်မှာအိပ်တော့ အသားတွေနာတာလေ ငါပြန်လာရင် မင်းအတွက်မွေ့ယာဝယ်ခဲ့ပေးမယ် "

Vody (complete) Where stories live. Discover now