25

6.7K 423 25
                                    

အရေးပေါ် အလန်းသံကြောင့် အခန်းထဲဆရာဝန်တွေအပြေးအလွှားရောက်လို့လာသည်..အခန်းထဲ အဝင်မခံတဲ့ Tae ကြောင့် Jungkook ဟာ Tae ရဲ့ အခန်းရှေ့ကာ ခုံတန်းလျားလေးမှာသာ အမြဲစောင့်နေလို့နေသည်..

Tae လက်ခံရင် တခါထဲခွဲစိတ်လို့ရအောင်လို့လည်း မေ့မျောနေပြီဖြစ်တဲ့ ညီမဖြစ်သူကလည်း ထိုဆေးရုံမှာရောက်လို့နေပြီ..

ဒါကြောင့်လည်း Jungkook ဟာ ညီမဖြစ်သူကိုလည်း သွားကြည့်နိုင်သလို Tae နားမှာလည်းအချိန်ပြည့်ရှိနေနိုင်သည်..ခုလည်း ဆရာဝန်တွေပြေးဝင်သွားတာကြောင့် သူလည်းထက တံခါးဝကနေလှမ်းကြည့်နေမိတဲ့ Jungkook

အရေးပေါ် CPR နည်းနဲ့အရင်နှလုံးပြန်ခုန်အောင်ကြိုးစားနေသော်လည်း ထူးခြားမလာတဲ့ အဆုံးမှာ နှလုံးခုန်စက်ဖြင့် နှလုံးပြန်ခုန်ရန် နောက်ဆုံးအဆင့်အနေနဲ့ ကြိုးစားလို့နေတဲ့ ဆရာဝန်များ..

ဒါတောင်မရသေးလို့ နောက်ဆုံး မျှော်လင့်ချက် အနေနဲ့ နှလုံး ရှော့ရိုက်ပြီး Tae နှလုံးခုန်အောင် Doctor တွေ ကြိုးစားနေကြတယ် ရှော့တချက်ရိုက်လိုက်တိုင်း မြောက်တက်သွားတဲ့ Tae ရဲ့ ခန္တာကိုယ် သေးသေးလေး..Jungkook မှာတော့ အကြိမ်ကြိမ်တောင်းပန်စကားဆိုကာ ဆုတောင်းနေမိတော့သည်..

" တချက် ရိုက်မယ် vote တင်လိုက် "

" ဟုတ်ကဲ့ doctor "

" 1 2 3 ရှော့ "

ဒုန်းးး

Jk pov.. မဖြစ်ဘူး Tae မင်းအဲ့လိုထွက်သွားလို့မဖြစ်ဘူးနော် Tae..

အဖေဖြစ်သူ ဥက္ကဌကြီးမှာတော့ ခက်လှမ်းလှမ်းကနေ စိုးရိမ်တကြီး ကြည့်လို့နေသလို..အဝေးက Jungkook မှာ လည်း Tae ရဲ့အနားသို့ ရောက်လို့လာသည်...

နှလုံးခုန်စက်ဖြင့် 3ကြိမ်လောက်ကြိုးစားလိုက်ချိန်မှာတော့ နှလုံးပြန်ခုန်လို့လာတဲ့ Tae..ထိုမှသာ ဆရာဝန်တွေလည်း အသက်ဝ ဝရှုနိုင်တော့ သည်..

jk pov.. ကျေးဇူးပါ Tae ကျေးဇူးပါ..

" Kim Namjoon မင်းသား ကို နည်းနည်းလောက် ထပ်ပြီး ခွဲစိတ်ဖို့လက်ခံလာအောင်ပြောပေးနိုင်ရင်ပိုကောင်းမယ် မဟုတ်ရင် မလွယ်ဘူး "

Vody (complete) Where stories live. Discover now