အပိုင်း(၈)

349 40 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၈)

ယခုလို အရသာရှိသော ကြက်ဥထမင်းကြော်ကို ယွမ်ကျိုးက အနည်းဆုံး ၁၀ပန်းကန်ကုန်အောင် စားပစ်ချင်သည်။ မည်သို့ပင်ဆိုစေကာမူ ဤအရသာက ၁၈၈ယွမ်ပေးရန် ထိုက်တန်သည်။

ဟင်းချက်ရာတွင် အသုံးပြုသော သံလွင်ဆီက သာမန်ထက် အနည်းငယ် သာလွန်သော်လည်း ဈေးနှုန်းမှာ တစ်ကီလိုလျှင် ယွမ်ရာနှင့်ချီ တန်ကြေးရှိသည်။

သံလွင်ဆီက အနည်းငယ်စျေးကြီးသော်လည်း အဓိကပါဝင်ပစ္စည်းများဖြစ်သော ရှန်းရွှေဆန်၊ ကြက်ဥတို့နှင့် ယှဉ်လိုက်လျှင် စကားထဲ ထည့်ပြောရန် မလိုအပ်ချေ။

အဖိုးထိုက်တန်သော ပါဝင်ပစ္စည်းများကို  ကြက်ဥထမင်းကြော် ကြော်ရန် အသုံးပြု၍ နှမြောမိသည်။

ယွမ်ကျိုးက ယွမ်၂၀၀ကို ပိုက်ဆံပုံးထဲ ပေါ့ပေါ့ပါးပါး ထည့်လိုက်သည်။ သူ ထည့်လိုက်သော ယွမ် ၂၀၀က ချက်ချင်း ပျောက်ကွယ်သွားပြီး ပြန်အမ်းငွေ ၁၂ယွမ် ပေါ်လာသည်။

အစောပိုင်းကာလတွင် ကြက်ဥထမင်းကြော်၏ဈေးနှုန်းက များလွန်းသည်ဟု ယူဆမိသော်လည်း အသုံးပြုထားသော ရှန်းရွှေဆန် နှင့် အဖိုးတန်ကြက်ဥတို့ကြောင့် အနည်းငယ် စိတ်သက်သာရာ ရမိသည်။

"ငါ ကပ်စေးနဲ နေလို့ မဖြစ်ပါဘူး။ ‌ တန်ဖိုးကြီးတဲ့ အစားအစာတွေကို စားရလို့ ဂုဏ်ယူနေ‌သင့်တယ်"
ယွမ်ကျိုးက သူ့စိတ်ထဲ ရေရွတ်လိုက်သည်။

"စနစ်၊ ဈေးနှုန်းက အရမ်းသက်သာနေတယ်။ ဈေးနှုန်းတိုးတောင်းလို့ မရဘူးလား"

ယွမ်ကျိုးက ထမင်းကြော် ရောင်းရငွေ၏ ၁၀ရာခိုင်နှုန်းခန့်သာ ရရှိမည့် အတွေးကြောင့် ဈေးနှုန်းတိုးမြှင့်ချင်သော အတွေးဖြစ်ပေါ်လာသည်။

"လက်ခံသူဆိုင်ရှင်ရဲ့ အဆင့်ကနိမ့်သေးလို့ ဈေးနှုန်းကို ကိုယ်တိုင် သတ်မှတ်ပေးလို့ မရပါဘူး"

"..."

“ကျွမ်းကျင်စားဖိုမှူးအဆင့်ကို ရောက်ဖို့ အဆင့် ဘယ်နှဆင့်ရှိလဲ။ Levelပိုမြင့်လာရင် ၀င်‌ငွေပိုရမယ် သဘောလား"

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Tahanan ng mga kuwento. Tumuklas ngayon