အပိုင်း(၉၂)

114 17 0
                                    

ယွမ်ကျိုး အပိုင်း(၉၂)

"အချိန်ယူပြီးတော့ အရသာကို မြည်းစမ်းကြည့်ပေးပါ" ယွမ်ကျိုးက အတော် တည်ငြိမ်နေသည်။

၎င်းအမျိုးသားက ယွမ်ကျိုး၏စကားကို  သိပ်အာရုံမထားပေ။ တခြားဘာဆိုဘာမှ သတိမပြုဘဲ ဟင်းပွဲများကို မြည်းစမ်းသော်လည်း တစ်ပွဲချင်းစီကို တစ်လုပ်ခန့်သာစားသည်။

ဟင်းပွဲ ၁၂ပွဲခန့်ကို တစ်လုပ်တည်းသာ စားသော်လည်း သူ့မျက်နှာပေါ်တွင် ကျေနပ်အားရသော အမူအရာကို မြင်တွေ့နိုင်သည်။

သူက တူကို အောက်ချထားလိုက်ပြီး သူ့ပါးစပ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
“ဒီဟင်းပွဲတွေက အရသာအရမ်းရှိလို့ နတ်သုဒ္ဓါလို့တောင် တကယ်ခေါ်ထိုက်ပါတယ်”

“ချီးမွမ်းပေးလို့ ကျေးဇူးပါပဲ” ယွမ်ကျိုးက ခပ်တန်းတန်း မျက်နှာအမူအရာဖြင့် တည်ငြိမ်စွာ ပြန်ပြောသည်။

“ဟင်းတစ်ပွဲချင်းစီကို ပါဆယ်ထုပ်ပေးပါ။ သယ်သွားချင်လို့ပါ”

“အားနာပါတယ်။ ပါဆယ် သယ်ခွင့်မပေးပါဘူး” ယွမ်ကျိုးက ချက်ချင်း ငြင်းပယ်သည်။

“မင်းမှာ ထည့်ပေးစရာ ဘူးခွံ မရှိလို့လား။ ဘူးဖိုး ပေးပါ့မယ်”
၎င်းအမျိုးသားက ယွမ်ကျိုးကို ငေးကြည့်ပြီး အေးအေးဆေးဆေး အမူအရာဖြင့် စကားပြောသည်။

“ပါဆယ်သယ်ခွင့် မပေးပါဘူး” ယွမ်ကျိုးက ထပ်တလဲလဲ ပြောဆိုနေရသည်။

“ဒါဆိုရင် ဒီလိုလုပ်ပါလား။ ဒီဟင်းပွဲတွေအားလုံးကို ထပ်ဝယ်စားမယ်လေ”

“နောက်က နံရံမှာ ရေးထားတဲ့စာတွေကို တစ်ချက် ပြန်ကြည့်ပေးပါ” ယွမ်ကျိုးက နံရံကို လက်ညိုးထိုးပြသည်။

ယွမ်ကျိုးက စည်းမျဉ်းအများကြီး ချမှတ်ထားကြောင်း သူ သိထားသည်။ ထို့ကြောင့်လည်း သူက စည်းမျဉ်းများကို ဖတ်ကြည့်မည့် အစီအစဉ် မရှိပေ။ ငွေကြေးဖြင့် ဝယ်ယူ၍ မရသော ကိစ္စရပ်များစွာ ရှိသော်လည်း အများကြီး မရှိနိုင်ပေ။

“မလိုအပ်ဘူး။ စည်းမျဉ်းတွေကို လူသားတွေကပဲ ချမှတ်ထားတာပါ။ ဒီဆိုင်က စည်းမျဉ်းတွေကို မင်းက ချမှတ်ထားတာလေ။ တန်ရာတန်ကြေးရဲ့ သုံးဆပေးမယ်။ ငါ တောင်းဆိုတာကို မင်း လုပ်ပေးရမယ်”
၎င်းအမျိုးသားက ငွေဖြင့် အကျပ်ကိုင်ရန် ကြိုးစားသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Onde as histórias ganham vida. Descobre agora