အပိုင်း(၉၁)

81 14 0
                                    

ယွမ်ကျိုး အပိုင်း(၉၁)

“ကောင်းပြီလေ၊ ဒါဆိုရင်  မင်းမေးချင်တာကို ဆက်မေးလို့ရတယ်” အသက်၄၀အရွယ် အမျိုးသားက တန်းစီစောင့်နေသော လူအုပ်ကြီး နောက်ဘက်သို့ လမ်းလျှောက်သွားပြီး ထပ်မံ တန်းစီသည်။

“ကျေးဇူးတင်ပါတယ်၊ အန်ကယ်”
ကောင်မလေးက ကျေးဇူးတင်ဟန် ဦးညွှတ်သည်။

ထိုမှသာ သူမ နောက်မှ လူအုပ်စုကြီးက သူမကို ဆန့်ကျင်သော လုပ်ရပ်မျိုး ဆက်လက် မလုပ်ဆောင်လိမ့်မည်ဖြစ်သည်။

သို့သော်လည်း ယွမ်ကျိုးက မျက်မှောင်ကြုတ်လိုက်ပြီး မည်သူ မေးသည့် မေးခွန်းကိုမှ ဖြေချင်သော ဆန္ဒ မရှိပေ။

“ဦးလေး အဖေရဲ့မျိုးရိုးနာမည်က လျိုလား။ အမေက ကောင်းကင်ဘုံက နတ်သမီးလား”
ကောင်မလေး၏ပါးစပ်က စက်သေနတ်ကဲ့သို့ ဆက်တိုက် မေးမြန်းနေသည်။

ယွမ်ကျိုးက အထာကျကျ လက်ပိုက်နေပြီး ကောင်မလေး၏ မေးမြန်းမှု အဆုံးသတ်မည့် အချိန်ကို စောင့်ဆိုင်းနေပြီးမှ ပြန်ဖြေသည်။

“မဟုတ်ဘူး။ မင်း ဘာစားချင်လဲ”

“အမ်၊ သူဌေးက ငါမေးတဲ့ မေးခွန်းတွေကို ဘာလို့ မဖြေတာလဲ”
ကောင်မလေးက ယွမ်ကျိုးကို ကြောင်အမ်းအမ်း ငေးကြည့်နေသည်။

“မီနူးကို မင်းနောက်က နံရံပေါ်မှာ ရေးထားတယ်လေ။ မင်းစားမယ့် ဟင်းပွဲကို ရွေးချယ်ပြီးသွားရင် သူ့ကိုပြောပါ” ယွမ်ကျိုးက တစ်ဖက်မှာ မတ်တတ်ရပ်နေသော မုရှောင်ယွမ်ကို လက်ညိုးထိုးပြီး တခြားသော ဖောက်သည်များကို နှုတ်ဆက်စကားပြောရန် တခြားနေရာသွားသည်။

“ဝိုး၊ နင်က တကယ်ကို ချစ်စရာကောင်းတာပဲ။ နင်က သူ့သမီးလား။ နင်တို့ရဲ့ဘိုးဘေးအိမ်က ကွမ်ကျိုးမှာဆိုတာ ငါသိတယ်”
ယွမ်ကျိုး လက်ညိုးထိုးရာ အရပ်ကို ကြည့်လိုက်သောအခါ မိန်းမချောလေး မုရှောင်ယွမ်ကို မြင်တွေ့ရ၍ တအံ့တဩ ဖြစ်သွားသည်။

ယွမ်ကျိုးက ဘေးဘက်လှည့်လိုက်စဉ် တယိမ်းတယိုင် ဖြစ်သွားပြီး ချော်လဲလုနီးပါး ဖြစ်သွားသည်။

သူ့သမီး ဖြစ်နိုင်ပါ့မလား။ ဖြစ်ရလေ။ သူက ၂၄နှစ်ပဲ ရှိသေးပြီး ၁၆နှစ်အရွယ် သမီးလေးကို မွေးစရာ အကြောင်းမရှိပေ။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Opowieści tętniące życiem. Odkryj je teraz