Part-3

619 14 0
                                    

Zaw

"ပျို့လက်ရာပန်...."

နားထဲမှာ ဦးစစ်ရဲ့ခေါ်သံသဲ့သဲ့ကို
ကြားရ၏။ သို့ပေမယ့် ပန့်ရဲ့မျက်လုံး
တစ်စုံက ဖွင့်မရ။ တကိုယ်လုံး ပျော့ကာ
နူန်းလျက် သတိလည်တစ်ချက်၊ မလည်
တစ်ချက်ရယ်။

"ပျို့လက်ရာပန်....သတိထားဦး"

ပန့်ခန္ဓာကိုယ်လေးကို
တစ်စုံတစ်ယောက်ကထွေးပွေ့
ထားသလို ခံစားနေရသည်။

ဦးစစ်...ဦးစစ်ငါ့ကို စိတ်ပူနေတာလား....

"ပန်...."

သူမကြိုးစားကာ မျက်လုံးလေးကို
ဖွင့်ကြည့်မိသည်။ ဝေဝေဝါးဝါးသာ
မြင်နေရတဲ့ ဦးစစ်ရဲ့ပုံရိပ်လေးက
ပန့်ကိုစိုက်ကြည့်နေသည်။

ပန်...တဲ့....
ဦးစစ်က ပန့်ကို...
အရင်လိုရင်းရင်းနှီးနှီးခေါ်လိုက်တာပဲ...

ဦးစစ်ပန့်ကိုရင်းရင်းနှီးနှီး
မခေါ်ဝေါ်တာ ကြာနေလေပြီ။
အဖေ့အသိမို့ ကလေးတစ်ယောက်လို
ဦးစစ်အနား ကပ်နေခဲ့ဖူးသည်။

ဦးစစ်က အေးစက်ပေမယ့် အခုလို
ခါးခါးသီးသီးတော့ မဆက်ဆံဖူး။
ပန့်ဗိုက်ထဲ ကလေးလေးရှိနေပြီဆိုတာ
သိတဲ့အချိန်ကစပြီး ဦးစစ်ရဲ့
အပြုအမူတွေပြောင်းလဲသွားခဲ့ခြင်းပင်။

"ဦးစစ်....."

ဖွဖွကလေးခေါ်လိုက်မိသည်သာ။

ခွေခွေကလေးလဲကျနေရာက
သူပွေချီလှုပ်နိုးမှ သတိပြန်လည်
လာသလို သူ့ကိုခေါ်လာတဲ့ သူမကြောင့်
သူမျက်နှာပျက်သွားရသည်။

မာယာတွေ...
ဒါတွေက မိန်းမမာယာတွေ....
ပျို့လက်ရာပန်....
ငါကတော့ တကယ်မှတ်လို့....
မင်းကငါ့စိတ်ကိုလာစမ်းသပ်နေတာပဲ...

သူ့အတွေးထဲ တိုးဝင်လာ
လေတော့ သူချက်ချင်းမျက်နှာပျက်လျက်

"အာ့..."

"ဟန်ဆောင်နေတာပဲ...
ဆက်ပြီး ဟန်ဆောင်နေ..."

ထိုင်လျက်ကလေး ပန့်ထွေးပွေ့
ထားရာမှ တွန်းချလိုက်သည်မို့
ပန်ခွေခွေကလေး ကြမ်းပြင်ပေါ်
လဲကျသွားရသည်။ လက်အတော်
နာကျင်သွားတာရယ်၊ တစ်နေကုန်
ထမင်းမစားရသေးတာရယ်ကြောင့်
နူန်းနေတာတော့ ပန်ဘာမှပြန်မပြောနိုင်။

တရားမဝင်ဇနီးDonde viven las historias. Descúbrelo ahora