Zaw
"ဟင်...."
သွက်လက်စွာရောက်လာသည့်
ဦးစစ်ရဲ့လက်တို့က မျက်လွှာရှေ့
ဝေ့ယမ်းနေသော ပန့်လက်ကလေးကို
အမိအရ ဖမ်းကိုင်ထားလိုက်လေသည်။ရုတ်တရက် ဖြစ်သွားတာမို့
ပန် လန့်သွားမိကာ ဟင်ဟု
အသံထွက်သွားမိသည်။"ဘယ်သူလဲ"
"ဟို...ဟို...အဲ့ဒါ...."
ထင်ရှားမှာ ပြောသင့်မပြောသင့်
စဉ်းစားနေရသည်။ ဆရာကို
ကြည့်လိုက် ဆရာကတော်ကို
ကြည့်လိုက်ဖြင့် ဗျာများနေရသည့်
အဖြစ်။"ဒီမိန်းမက ဘယ်သူလဲ...ထင်ရှား..."
မမြင်ရဘူးဆိုပေမယ့် သူ့မျက်လုံး
ရှေ့မှာ လက်ဝေ့ယမ်းလိုက်တော့
လေသံကိုတော့ သူခံစားမိသည်။ဒါ့အပြင် သူဖမ်းဆုပ်ထားမိသည့်
လက်ကလေးဟာ သေးသွယ်
လှတာမို့ မိန်းကလေးလက်မှန်း
သူမှန်းမိသည်။မိန်းကလေးတစ်ယောက် အခန်းထဲ
ရောက်နေတာကို ထင်ရှားက
ဘာမှမပြောတော့ သူ့အသိထဲက
များလား....ဒါမှမဟုတ်...သူမလေး
များလားဟု သူ့စိတ်ထဲတွေးထင်မိကာ
ထိုလက်ကလေးကို လွှတ်မပေးမိချေ။သို့ပေမယ့် ထိုမိန်းကလေးက
တိတ်ဆိတ်မြဲ။ပန့်မျက်လုံးအိမ်လေးထဲ
ကြည်လဲ့လဲ့မျက်ရည်စတွေက
ရစ်သီလာကာ မျက်လုံးအိမ်လေး
ဟာလည်း နီရဲပြီး ဖောင်းမို့နေ၏။ဦးစစ်...
ဦးစစ်....တကယ်ပဲ....ပန့်ကို
မမြင်ရဘူးပဲ....
ဦးစစ်ပန့်ကိုလိုက်ရှာနေတာမလား....
အခု....အခု....ပန်ဦးစစ်ရှေ့ကို
ရောက်နေပြီလေ...ဦးစစ်ရယ်...အတွေးကလေး ပါးပြင်ပေါ်
စီးကျလာတဲ့ မျက်ရည်တွေဟာ
ပန့်ရင်ဘတ်ထဲက ကြေမွလာသည့်
သွေးစလေးတွေအလား။မျက်လုံးတို့က ခနမှိတ်ပစ်၍
အောင့်သက်သက်ခံစားနေရသည့်
နာကျင်မှုကို ခါးစည်းခံနေရ၏။"ထင်ရှား...ဒါဘယ်သူလဲလို့...
မင်းကိုငါမေးနေတယ်လေ"စိတ်မရှည်တော့သလို သိချင်စိတ်
ပြင်းပြင်နေသည့် အသံမာမာနဲ့
ထပ်မံလာတဲ့ ဦးစစ်အသံကြောင့်
ပန်မျက်လုံးကလေးတွေ ပြန်ဖွင့်ကြည့်
ကာ ဘေးတွင်ရပ်နေသူ ကိုထင်ရှားကို
ခေါင်းလေးသာ ခါပြမိသည်။
CITEȘTI
တရားမဝင်ဇနီး
Dragosteပန့်ဘဝမှာ အချစ်ဆုံး အမျိုးသားဟာ ဦးစစ်လို့ပြောရင် ဦးစစ်ယုံမှာလားဟင်...