Part-11

369 7 0
                                    

Zaw

"ပန်ပြန်တော့မယ်...ဦးစစ်"

ရုတ်တရက်ထရပ်ပြီး
ပြောလာတဲ့ ပန့်ကို
သူမျက်မှောင်လေးကြုတ်၍
မော့ကြည့်လိုက်မိသည်။
သူမလေးမျက်လုံးတွေရဲ
နေတာကို သူမြင်ရ၏။

ငိုချင်နေတာ ထင်ပါရဲ့။
ဘာလုပ်ပေးရမှန်းမသိ
ငြိမ်သက်နေမိသည်။
အနီ့အပေါ်ကို အေးစက်ပြ
ရတာလည်း သူ့ရင်ကို
နာကျင်စေသည်။

လူတွေရှေ့မှာ
သူ့ကြောင့် အနီအရှက်ရသွားမှာ
လည်း စိုးရိမ်ရသည်။ ထို့အတူ
သူမလေးကိုလည်း မနာကျင်စေလို။

သူပြတ်သားပါ့မယ်လို့
ပေးခဲ့တဲ့ ကတိ...
မတည်သလိုများ ဖြစ်နေပြီလား။

"မပြန်ပါနဲ့...ကိုယ်နဲ့အတူတူ
ပြန်မယ်လေ...အခုထိုင်ပြီး
ညစာစားလိုက်ဦးနော်...ပန်"

ဦးစစ်က ပန့်လက်ကလေးကို
လှမ်းဆွဲပြီး ထိုင်လျက်သား
ပြောလာတဲ့စကားအဆုံး...

"ဟုတ်ပါတယ်... မပြန်ပါနဲ့...ပန်ရဲ့..
ဘာလို့လဲ... အနီ့ကြောင့်
အနှောင့်အယှက်ဖြစ်လို့လား..."

"မဟုတ်ပါဘူး...ပန်နေသိပ်မကောင်း
လို့လား.."

"ဟင်...လာစမ်းပါဦး
ကိုယ်စမ်းကြည့်ပါဦးမယ်..."

ပန့်စကားကိုကြားတော့
ဦးစစ်က ချက်ချင်းထရပ်လာကာ
ပန့်နဖူးလေးပေါ် လက်လေးတင်၍
စိတ်ပူပန်နေပုံကြောင့် ပန်အသာ
ပြုံးပြရင်း နဖူးပေါ်ရောက်နေသည့်
ဦးစစ်လက်ကို လှမ်းကိုင်ပြီး...

"ခေါင်းလေးနဲနဲမူးတာပါ...ပန်
မဖျားပါဘူး..."

"ဒါဆို ညစာစားပြီးတာနဲ့
ကိုယ်တို့ပြန်ကြမယ်နော်...
ဒီအတိုင်းပြန်သွားရင်...."

"ပန်သိပါတယ်...စားပြီးမှပဲ
အတူတူပြန်ကြမယ်..."

"ဖြေးဖြေးထိုင်နော်"

ရှယ်ယာရှင်တွေနဲ့မို့
ချက်ချင်းထပြန်သွားဖို့
မဖြစ်နိုင်။ ဒါကို သူမလေးက
နားလည်ရှာသည်။ ခေါင်းမူး
နေတယ်ဆိုတော့ လဲကျမှာစိုး
တာကြောင့် သူမလေးလက်
မောင်းလေးကို ထိန်းကိုင်ပေးရင်း
ထိုင်စေလိုက်သည်။


တရားမဝင်ဇနီးWhere stories live. Discover now