ကော်ဖီဘယ်ကစ (Unicode+zawgyi)

1K 73 2
                                    

ကော်ဖီ ဘယ်ကစ လို့ မေးရင် ဘယ်အချိန်က စတင် သောက်သုံးခဲ့လဲ ဆိုတာ တိတိကျကျ မပြောနိုင်ကြဘူး။

ကော်ဖီ စတင်တွေ့ရှိပုံနဲ့ ပတ်သတ်လို့ ယုံတမ်းပုံပြင်တွေ အများကြီးရှိတဲ့ ထဲကမှ အီသီယိုးပီးယား နိုင်ငံက ဆိတ်ကျောင်းသားလေး ကယ်(လ်)ဒီ Kaldi က ၉ရာစုလောက်မှာ တွေ့ရှိတယ် လို့ဆိုတယ်။

ဆိတ်ကျောင်းသားလေးကယ်(လ်)ဒီ

***********************

ကယ်(လ်)ဒီ ဟာ နေ့စဉ် နေ့တိုင်း ဆိတ်ကျောင်းရတဲ့ ဆိတ်ကျောင်းသားလေးပေါ့။

တနေ့မှာ ကယ်(လ်)ဒီ ဟာ သူဆိတ်ကျောင်းနေကြ တောစပ်လေးကို ဆိတ်တွေမောင်းလာပြီး သစ်ပင်တစ်ပင်အောက် ပျင်းပျင်းနဲ့ ထိုင်ရင်းတွေးတော နေသတဲ့။ တနေ့ တနေ့ ဒီ ပဲ...ပဲ....ပဲ အသံတွေကြားရတာလည်း ငြီးငွေ့လှပီ ဒီနားမှာ စားပါလို့ ပြောထားရက်နဲ့ ဟိုဘက်နားသွားစားတဲ့ ပြောစကား နည်းနည်းမှ နားမထောင်တဲ့ ပဲ...ပဲ ကောင်တွေကို တုတ်တစ်ချောင်းနဲ့ လိုက်ခြောက်ရတာလည်း ခြေထောက်တွေ တိုတော့မယ် နဂိုကမှ အရပ်ကထွက်မလာရတဲ့ကြားထဲ။ ဒီကောင်တွေဟာ လူစကားကို နားမလည်ဘူး။ အမှတ်ကို မရှိတဲ့ ပဲ...ပဲ ကောင်တွေ ဒင်းတို့ကြောင့် နေ့တိုင်း ပိုက်ဆံလေးရယ် ဆိတ်နို့လေးရယ် ရနေလို့ ကျောင်းနေရတာ တခါတခါ ထုရိုက်ပစ်ချင်လောက်အောင် စိတ်ရှုပ်ဖို့ကောင်းတဲ့ ပဲ.....ပဲကောင်တွေ။

ဟွင်း ဆိတ်နို့ ဆိုသည်မှာလည်း သိပ်ကောင်း ဈေးကလည်း ကြီး ဆိတ်နို့ခဲလေးများဆို စိမ့်ပြီးမွှေးနေတာ ကယ်(လ်)ဒီ သိပ်ကြိုက်တာပေါ့။ အဲ့ဒါကြောင့် မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို အမ် နမ်းပါဘူး မချစ်သော်လည်း အောင့်ကာဆိတ်ကျောင်းဆိုသလို ပဲ....ပဲ ကောင်တွေကို နားညီးလွန်းလို့ အမြင်ကတ် ပေမယ့် ဆိတ်နို့ကို ချစ်လွန်းလို့ ဆိုတာ ဒီပဲ...ပဲကောင်တွေ သိအောင်တစ်နေ့ ပြောပြချင်သေးတာ။ အရင်ဆုံး ဒီကောင်တွေကို လူစကားနားလည်အောင် စာသင်ပေးရမယ် ငါပဲဆရာလုပ်မှရမှာပဲ ဒီကောင်တွေကိုကျောင်းပို့လို့မှ မရတာ။

(A/Nတယ်လဲအတွေးကောင်းတဲ့ ကယ်(လ်)ဒီလေး)

အား ကယ်(လ်)ဒီ အတွေးကောင်းနေတာနဲ့ သိပ်ပြောရခက်တဲ့ ဟိုတလက်(ခ်)ဒီ ဆိုတဲ့ကောင် ဘယ်ရောက်သွားပါလိမ့် ဒီအကောင်က လူကောင် အဲလေ ဟုတ်ပါဘူး ဆိတ်ကောင်ကြီးတယ် ဆိုတိုင်း ဟို ဂျပိန်ကောင်လေးတွေကို ဦးဆောင်ပီး ပျောက်ပျောက်သွားတက်တာ မလွယ်တဲ့ကောင်။ အင်းလိုက်ရှာအုံးမှပါ။

Journey to the CoffeeWhere stories live. Discover now