Brewed Coffee

139 16 6
                                    

ချစ်သူ မင်းရဲ့ အချစ်ကို ရဖို့ အတွက်က ကိုယ့်အတွက်တော့ Brew coffee တစ်ခွက် ဖျော်ရသလိုပါပဲ အဆင့်ဆင့် ဖြတ်သန်းလို့

ကော်ဖီ ကောင်း တစ်ခွက်ရဖို့ coffee filter ကတဆင့် ဖြတ်သန်းစိမ့်ကျလာတဲ့ ကော်ဖီတွေလိုပဲကိုယ့် အချစ်တွေကတော့ မင်းအတွက် နှလုံးသားကနေ တဖြေးဖြေးချင်း စိမ့်ယိုစီးဆင်းနေတာပေါ့💖💖💖

ခါးသက်သက် ကော်ဖီလေးကိုမှ သကြားလေးကဲလို့ နွားနို့စိမ့်စိမ့်လေး ရောလိုက်ရင်ဖြင့် သိပ်ကောင်းတဲ့ Brewed Coffee တခွက်ပေါ့ ကိုယ်ကတော့ ခါးစိမ့် အရသာလေးနဲ့ Brew coffee ကို ကြိုက်မိသလို နူးညံသိမ်မွေ့မှုနဲ့ ရဲရင့်တက်ကြွတဲ့ မင်းလဲရဲ့ မတူညီတဲ့ စရိုက်နှစ်ခု ပေါင်းစပ်မှုကိုလဲ နှစ်သက်မြတ်နိုးမိပါတယ်။

ကော်ဖီကောင်းတခွက် ခါးသက်သက်လေးမှ အရသာရှိသတဲ့ ကိုယ့်အချစ်တွေကတော့ ခါးသက်သက်မဟုတ်ပဲ ချိုစိမ့်စိမ့်လေးက မင်းအတွက်ပေါ့ အချစ်ရယ်။ ☕️☕️☕️

ဒါနဲ့ တို့တွေ မတွေ့ဖြစ်ခဲ့ရတာ ကြာပါပေါ့လား ဒီလိုအချိန်မှာတော့ ခါးသက်သက် အရသာ ရှိတဲ့ Brew Coffee သောက်တိုင်း တို့နှစ်ယောက်ရဲ့ ခွဲခွာ နေရတဲ့ ဘဝကို ခါးသက်သက်နဲ့ ရင်နာနေရတယ်။ ဒါပေမယ့် အချစ်ရေ အတူနီးရဖို့ အခု ခွဲခွာနေရတာ မဟုတ်လား။ ကော်ဖီတခွက်ရဲ့ ဘယ်တော့မှမပြောင်းလဲတဲ့ ခါးသက်သက် အရသာတွေလိုပဲ တို့အချစ်တွေကတော့ မပြောင်းမလဲပဲ မင်းတစ်ယောက်ဆီမှာသာ ဖြစ်တည်နေမှာပါ။ မကြာခင် ပြန်ဆုံတွေ့ကြမယ်နော် 👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨

 Brew Coffee secret (Hot)

"Golden Ratio" - one to two tablespoons of ground coffee for every six ounces of water

မနက်ခင်း တခု မှာ ခါးသက်သက် brewed coffee တခွက်နဲ့ နေ့သစ်ကို အစပြုတယ်။ ကာဖိန်း ဓာတ် ရဲ့ feeling more alert and active နိုးကြားတက်ကြွ စေမှုက တနေ့တာရဲ့ အစကို လန်းဆန်း ဖြတ်လတ် စေတယ်။ ကြည်ကြည်လင်လင်နဲ့ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နိုင်တယ် လို့ခံစားရစေတယ်။ 

Brew Coffee မှာ Hot brew/Cold brew coffee ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အပူ ကြိုက်တဲ့သူနဲ့ အအေး ကြိုက်တဲ့သူတွေ အတွက် ‌ရွေးချယ်စရာ ရတာပေါ့။ 

Journey to the CoffeeWhere stories live. Discover now