Reborn to live without you (1)

4.7K 438 2
                                    

Zawgyi

အရှေ့ဘက်ကောင်းကင်မှာ နေမထွက်လာသေးခင် ငါအိပ်ယာကနိုးလာခဲ့ပြီး ချက်ချင်းပဲ ငါတစ်စုံတစ်ခုကို သတိရလိုက်တယ်။ ဒီနေ့ကငါ့ရဲ့ အနာဂတ်ခင်ပွန်းလောင်းနဲ့ တွေ့ဆုံရမယ့်နေ့ပဲ။ ဒီဘဝမှာတော့ သူက ငါ့အတွက် ငါ့ရဲ့အရှင်မင်းသား၊ ငါ့ရဲ့ဧကရာဇ်ဆိုတာထက် ပိုပါတယ်။ ငါဒီဘဝမှာပဲ ပြန်မွေးဖွားလာခဲ့တာကို သိရှိလိုက်ရပြီးတာနဲ့ ငါသေရမယ့်အချိန်မဟုတ်ဘဲ သေခဲ့ရတဲ့လမ်းကြောင်းပေါ်ကို မလိုက်တော့ဘူးလို့ ငါဆုံးဖြတ်ချက်ချထားလိုက်တယ်။ ငါချစ်ရတဲ့ယောက်ျားတစ်ယောက်ရဲ့ အနားကနေ ထွက်သွားမယ်ဆိုရင်တောင်ပေါ့။

အထင်မလွဲလိုက်ပါနဲ့။ ဒါကတစ်ဖက်သတ်အချစ်လေးပါ။ ငါ့ရဲ့အရှင်က ယောက်ျားတစ်ယောက်ကို ဘယ်တော့မှ ချစ်လာမှာမဟုတ်ဘူး။ ငါ့ရဲ့မိထွေးနဲ့ အမကြီးတို့ရဲ့ ထက်မြက်တဲ့စီမံချက်တွေကြောင့်သာမဟုတ်ရင် ငါ့ရဲ့အရှင်က ယောက်ျားတစ်ယောက်ကို ဘယ်တော့မှ လက်ထက်ခဲ့မှာမဟုတ်သလို အတူအိပ်ခဲ့မှာလည်းမဟုတ်ဘူး။ သူမတို့ကငါ့ကိုရှုံ့ချခဲ့ကြပေမယ့် ငါကတော့ သူ့အပေါ်ကို ကူကယ်ရာမဲ့လောက်အောင် ချစ်မိသွားခဲ့တော့တာပဲ။

ငါတို့အင်ပါယာထဲမှာ အရှင့်သားတစ်ယောက်ဟာ ကြင်ယာတော်အတန်းလိုက်နဲ့ ကိုယ်လုပ်တော်တွေ ထားရှိကြတယ်။ ဒါပေမယ့် ဇနီးအဖြစ်ကတော့ တစ်ယောက်ပဲ ထားရတယ်။ ပြီးတော့ အဲဒီဇနီးက ငါ့ရဲ့အမကြီးဖြစ်တဲ့ လင်အန်း၊ လက်ယာဝန်ကြီးချုပ်နဲ့ အဓိကဇနီးတို့ရဲ့ သမီးလေးပေါ့။ လင်အန်းက အိမ်တော်ရဲ့ တရားဝင်ကလေး ဖြစ်ပြီး ငါ့ထက်တစ်နှစ်ကြီးတယ်။

လက်ထပ်ထိမ်းမြားတဲ့အခါ သတိုးသမီးဘက်က လက်ဖွဲ့ပစ္စည်းအဖြစ် ကိုယ်လုပ်တော်တစ်ယောက်ကို ခေါ်
လာရတယ်။ သူတို့ရဲ့ခင်ပွန်းကို ခစားဖို့နဲ့ အိပ်ရာနွေးအောင် လုပ်ပေးဖို့ပေါ့။ အဲဒီကိုယ်လုပ်တော်မှာ ရင်သွေးရသွားခဲ့ရင် ကြင်ယာတော်ဆောင်ကို အပို့ခံရတယ်။ အဲဒါကြောင့်ပဲ မိသားစုကြီးတွေက တရားဝင် ဇနီးနေရာတည်မြဲဖို့အတွက် အိမ်တော်က ကိုယ်လုပ်တော်တွေရဲ့ သမီးတွေနဲ့ မွေးချင်းတွေကိုပဲ ထည့်လွှတ်တတ်ကြတယ်။

Reborn to live without youWhere stories live. Discover now