Reborn to live without you(end)

3K 518 35
                                    

Zawgyi

ငါ့အမတော်က ကြင်ယာတော်ဖြစ်သွားပြီး သားတစ်ယောက် သမီးတစ်ယောက် မွေးဖွားခဲ့တယ်။ သူမက ဧကရီဖြစ်သွားသင့်ပေမယ့် သံသယဝင်စရာအပြည့်နဲ့ သူမက ကျန်နေရစ်ခဲ့ရတယ်။ သူမရဲ့ နန်းဆောင်ဝင်းထဲမှာ ငါတို့ကို လက်ဖက်ရည်သောက်ဖိတ်ပြီး သူမက ပြောခဲ့တယ်။ အရှင့်ရဲ့ ပထမသားတော်ကိုမွေးဖွားနိုင်ခဲ့တဲ့ အလယ်အလတ်အဆင့် ကြင်ယာတော်နဲ့ သားတော်၂ပါး(၁ပါးကတော့ချူချာပေမယ့်) မွေးခဲ့တဲ့ အနှစ်သက်ဆုံးကိုယ်လုပ်တော်ရဲ့ကြားမှာ ယှဉ်ပြိုင်မှုတွေ ရှိလာမယ့်အကြောင်း။  သူမ မကျေမနပ်နဲ့ပြောနေတာကို ငါလက်ဖက်ရည်သောက်ရင်း နားထောင်နေခဲ့တယ်။

"နောက်ပြီးတော့" သူမက လက်ဖက်ရည်ကိုမွှေနေရင်း ထပ်ပြောတယ်။ "အတိတ်တုန်းက ဧကရာဇ်တစ်ပါးဟာ ယောက်ျားတစ်ယောက်ကို မိဖုရားမြှောက်တယ်ဆိုတဲ့အဖြစ်မျိုး မကြားဖူးဘူး"

" အမတော်" ငါတုံးအလွန်းလို့ ယုံခဲ့တယ်။

"အရှင့်ရဲ့မောင်းမဆောင်ထဲမှာ တရားဝင် ယောက်ျားကိုယ်လုပ်တော်တွေ မရှိဘူးလေ" တကယ့်ကို ငါက လက်ဖွဲ့ကြင်ယာတော်တစ်ယောက်ဖြစ်နေတုန်းပဲ။ ကြင်ယာတော်နဲ့ ကပ်ပါလာတဲ့ အိပ်ရာနွေးစေတဲ့သူ။ ငါ သူမရဲ့နန်းဆောင်(အနား)မှာ နေနေရတုန်းပဲ။ လူတွေပြောကြသလိုပေါ့ မိတ်ဆွေနဲ့နီးကပ်နေရင် ရန်သူနဲ့က ပိုနီးကပ်နေတယ်။ ငါထင်တာက...

လအနည်းငယ်ကြာတော့ ငါချောင်းဆိုးသွေးပါဖြစ်ခဲ့တယ်။ အမတော်ရဲ့ အစေခံတွေက ငါ့ဘေးကိုရောက်လာကြပေမယ့် ငါ့ကိုပြုစုပေးဖို့မဟုတ်ဘဲ သူမနန်းဆောင်ရဲ့ကြမ်းပြင်မှာ သွေးတွေ အန်မထုတ်မိတာ သေချာအောင် လုပ်ဖို့တဲ့။ ငါသေဆုံးတော့မယ့်အချိန်မှာ ငါသိနားလည်လာခဲ့တာက ငါအဆိပ်ခပ်ခံခဲ့ရတယ်ဆိုတာနဲ့ ခပ်တဲ့တရားခံကိုပါပဲ။ တကယ့်ကို သူမပြောခဲ့တယ်လေ။ "ဒီမှာ အမျိုးသားကိုယ်လုပ်တော်တွေ မရှိဘူး၊ ဒါပေမယ့် မောင်းမဆောင်ထဲက ယောက်ျားတစ်ယောက်ကတော့ အရှင့်ရဲ့ ချစ်ခင်မှုကို ရနေတယ်"

"ငါသဘောပေါက်ပြီ" ငါ ခေါင်းခါရမ်းရင်း ရယ်နေမိတယ်။ အဲဒီနောက် ရှောင်လွှဲလို့မရတဲ့ ကံတရားကိုလက်ခံပြီး မျက်လုံးတွေမှိတ်လိုက်တယ်။ သူမကငါနဲ့ပတ်သတ်ပြီး ဘာလို့စိတ်ပူနေခဲ့မှန်းတော့ ငါမသိဘူး။ ငါကအရှင့်ကိုချစ်ပေမယ့် အရှင်က ငါ့ကိုမချစ်ဘူးလေ။ မောင်းမဆောင်ထဲက မိန်းမတွေလိုပဲ အသုံးချခံရုံလေးပါပဲ။ ငါတို့က အချစ်ခံရမယ့် လူတွေမဟုတ်ဘူး။

Reborn to live without youWhere stories live. Discover now