Reborn to live without you (2)

2.1K 404 3
                                    

Zawgyi

နန်းတော်ထဲကို ထိမ်းမြားလက်ထပ်ရတာက ငါ့ကိုမထိန့်လန့်စေခဲ့ဘူး။ ငါတုံးအ နေခဲ့လို့လေ။ ကိုယ့်ကိုယ်ကိုယုံကြည်မှုထားပြီး ငါ့အမတော်ရဲ့ နေရာ လုံခြုံမှု
ရှိလာတဲ့အထိ အလုပ်အကျွေးပြုမယ်လို့ပဲ ငါတွေးခဲ့တယ်။ လက်ထပ်ပွဲအပြီး ၃လလောက်ကြာတော့ သူမမှာ ရင်သွေးရှိနေကြောင်းအတည်ပြုခဲ့ကြတယ်။ ဒါပေမယ့်အတည်ပြုပြီးနောက်နေ့မှာပဲ အရှင်က ငါ့အခန်းထဲကို အရက်မူးဝင်လာပြီး ငါ့ကိုအတင်းအကျပ်လုပ်ခဲ့တယ်။

အရမ်းနာတဲ့အတွက် ငါငိုပြီး သူ့ကိုရပ်ပေးဖို့ပြောပေမယ့် သူကရပ်မပေးခဲ့ဘူး။ ဘာတွေဖြစ်ကုန်တာလဲ သူဘာလို့ဒါတွေလုပ်ခဲ့သလဲ ငါမမှတ်မိတော့ဘူး။ သူကငါ့ကို မအော်ဖို့ပြောတယ်။ ငါ့အမတော်ရဲ့ လက်ထပ်မှု
မှာ ငါကလည်းပါဝင်တာကြောင့်လေ။ ပြီးတော့ သူငါ့အပေါ်
ဆက်လုပ်ခဲ့တယ်။ ငါတော်တော်မောပန်းသွားခဲ့ပြီး ဘာတစ်ခုမှ မစဉ်းစားနိုင်တော့ဘူး။ နောက်ဆက်တွဲအနေနဲ့ ငါဖျားသွားခဲ့တဲ့အခါ သူကသမားတော်တွေကို ငါ့ဆီစေလွှတ်ပေးခဲ့တယ်။ အဲဒီကြင်နာမှုကြောင့် သူ့ရဲ့အစေခံတွေက ငါ့ကို အနည်းငယ်ကွဲပြားတဲ့အမြင်နဲ့မြင်လာကြတယ်။ ငါ့အမတော်ရဲ့အစေခံတွေကတော့ မထီမဲ့မြင်ဆက်ဆံဆဲပဲပေါ့။ အဲဒီကြင်နာမှုက ငါသူ့အပေါ်
ချစ်မိခဲ့ခြင်းရဲ့ လမ်းကြောင်းအစဖြစ်ခဲ့မယ်ထင်တယ်။

အရူးတွေတောင် သူတို့ရဲ့လူပျိုရည်ကို ရက်စက်ကြမ်းကြုတ်စွာနဲ့ ယူခဲ့တဲ့ ယောက်ျားတစ်ယောက်ကို ချစ်မိသွားကြမှာမဟုတ်ဘူး။ ဒါပေမယ့် ငါ့မိသားစုက 'အမေ့ရဲ့ မျော်လင့်ချက်တွေနဲ့ မကိုက်ညီ' ခဲ့တဲ့ အချိန်ကစပြီး ငါ့အတွက် သမားတော်ခေါ်ပေးတယ်ဆိုတာ မရှိခဲ့ဘူးလေ။ ဒီတော့ အခုချိန်မှာ ငါအရှင့်ကို ခွင့်လွှတ်ပေးချင်တဲ့ စိတ်လှုံ့ဆော်မှုကို ခံစားနေရတာ အံ့သြစရာပါလား။

ဒါပေမယ့် ၂လလောက်ကြာပြီး သူငါ့အခန်းထဲကို ဒုတိယအကြိမ်ဝင်လာချိန်မှာ ကြောက်ရွံ့တုန်လှုပ်နေမိတာကို မတားဆီးနိုင်ခဲ့ဘူး။ သူက သောက်မလာခဲ့သလို အရင်တစ်ခါ အပြုအမူတွေအတွက်လည်း မတောင်းပန်ခဲ့ဘူး။ သူက ဘာတစ်ခုမှမပြောခဲ့ဘဲ ငါ့ရဲ့တုန်ရီနေတဲ့ခန္ဓာကိုယ်ကို ညင်သာစွာ ထိတွေ့နေခဲ့ရင်း သူ့ရဲ့လက်ချောင်းတွေကို ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာ သင်ပေးနေရင်း အိမ်ထောင်ရေးနဲ့သက်ဆိုင်တဲ့ ဆက်ဆံရေးတွေကို သင်ယူစေရင်း သူတကယ့်ကို နှစ်လိုဖွယ်ကောင်းနေခဲ့တယ်။ ပြန်ပြောင်းတွေးကြည့်ရင် အဲဒါက သူငါ့ကို တောင်းပန်တဲ့နည်းလမ်းဖြစ်မယ်လို့ ငါထင်တယ်။ သူက မကောင်းဆိုးဝါးတစ်ကောင် မဟုတ်ပါဘူးဆိုတာ ငါ့ကိုသင်ပေးရင်းနဲ့ အနည်းဆုံးတော့ ငါ့နှလုံးသားထဲမှာ ငါတို့ရဲ့ တခြားဆက်နွယ်နေမှုကို မေ့နေစေခဲ့တာပေါ့။

Reborn to live without youWhere stories live. Discover now