Prologue

48.2K 2K 147
                                    

Unicode

"Nae?? BL seriesရိုက်ရမယ် ???"

"CEOကိုယ်တိုင်သဘောတူပြီး လက်ခံပေးထားတာပဲ မင်းသာလက်ခံရင်တောင်ကိုးရီယားမှာပထမဆုံးBL seriesတစ်ခုဖြစ်လာမှာပဲ"

Taehyungမှာ ရှုတင်ကရောက်ရောက်ချင်းကုမ္ပဏီကခေါ်လို့မန်နေဂျာhyungနှင့်အတူသွားစဉ် ကားပေါ်မှာမန်နေဂျာhyungပြောပြသည့် သတင်းကြီးကြောင့် အမောတောင်စို့သွားရသည်။

အနုပညာလောကမှာ သရုပ်ဆောင်တွေအများကြီးရှိပါရက်နဲ့ သူ့လိုတက်သစ်စ အောင်မြင်ခါစမင်းသားငယ်တစ်ယောက်ကိုမှဘာလို့BL seriesရိုက်ဖို့လာကမ်းလှမ်းလဲဆိုတာကိုသာ ခေါင်းထဲတွင်question markတွေတန်းစီပေါ်လာတော့သည်။

"ရော့ ဇာတ်ညွှန်းတောင်ရလာပြီ မင်းစိတ်ဝင်စားရင်ဖတ်ကြည့်ရအောင်Hyung တောင်းထားတာ အသေးစိတ်ကကုမ္ပဏီရောက်မှပြောပြလိမ့်မယ်"

မန်နေဂျာHyungကတော့ သူ့အစားအတော်ပင်တက်ကြွနေဟန်။

လက်ထဲရောက်လာသည့် ဇာတ်ညွှန်းစာရွက်လေးကိုလေးပင်စွာယူလိုက်မိသည်။ CEOပါလက်ခံထားတာဆိုတော့ သူငြင်းဖို့ခက်တော့မှာအမှန်ပင်။ ငြင်းချင်ရင်တောင်ငြင်းမရအောင်လုပ်ကြအုံးမှာလဲသူသိသည်။

ကုမ္ပဏီတွေဆိုတာ သူတို့အမြတ်ရမည့်ကိစ္စဆို ဘယ်သူ့အတွက်မှထည့်မစဉ်းစားတာအနုပညာရှင်တစ်ယောက်ဖြစ်လာပြီးနောက်ပိုင်းမှသူသိလာရသည့်အမှန်တရားတစ်ခု။

ဇာတ်ညွှန်းကိုဖတ်ရန်စာရွက်လေးသို့အကြည့် မြင်လိုက်ရသည့်ဇာတ်ကားနာမည်ကြောင့်လူက ခေါင်းမွှေးတွေထောင်သွားရသလို ကြက်သီးလေးတွေပါထကုန်သည်။

"Because of Jeon Taehyung??? "

မဟုတ်သေးပါဘူး ဒါကseriesနာမည်လား? Taehyungမျက်လုံးလေးတွေပုတ်ခတ်ပုတ်ခတ်ဖြစ်သွားရသည်။

"Hyung? Seriesနာမည်ကြီးကဘယ်လိုကြီးလဲ? ဘာလို့ကျွန်တော့်နာမည်ကြီးလဲ? ပြီးတော့Jeonကရောဘာလဲ?"

အူတူတူလေးဖြင့် သူ့အားပြူးတူးပြဲတဲကြည့်ကာမေးလာသည့်Taehyungကိုမန်နေဂျာHyungက အဓိပ္ပာယ်ပါသောအပြုံးလေးတစ်ခုဖြင့်ပြုံးကြည့်သည်။

𝙃𝙞𝙨 𝙣𝙖𝙢𝙚 𝙞𝙨 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Tahanan ng mga kuwento. Tumuklas ngayon