(( 20 ))

12.2K 1.1K 111
                                    

Unicode

"အမူးပြေဟင်းရည်ချက်ထားတာ သောက်လိုက်နော်Taeလေး"

အန်တီSungMiထည့်ပေးလာသည့် ဟင်းချိုခွက်လေးကိုTaehyungယူပြီး ခပ်သောက်လိုက်သည်။ မနက်စာစားပွဲလေးဟာ လူကြီးတွေရဲ့စကားပြောသံတွေနှင့်သာ ဆူညံနေသည်။

ထမင်းစားနေရင်း Jungkookကိုလှမ်းအကဲခတ်ပြန်တော့ သူ့အားပြုံးပြုံးကြီးသာစိုက်ကြည့်နေသည်မလို့ ဘာကြောင့်မှန်းမသိကြက်သီးထရသည်မလို့ အကြည့်တွေကိုရှောင်နေရသည်။

မနေ့ညကဘာကြောင့် အဲ့လောက်ထိမူးသွားမှန်းသူမသိ။ အဲ့လောက်တောင်သောက်တာများသွားတာလား။

"ဒါနဲ့Omma Yeonjunရော မနေ့ညကသားလဲစောစောအိပ်လိုက်တာနဲ့မနှုတ်ဆက်လိုက်ရဘူး"

"အင်း မနေ့ညကပဲသူ့မန်နေဂျာကောင်လေးပြန်လာကြိုသွားတယ် ပြီးတော့Taeလေးမန်နေဂျာကောင်လေးလဲဒီနေ့မနက်လာကြိုမယ်ပြောတယ်"

ထိုအခါကျမှTaehyungမှာ ရုတ်တရက်Jungkookလက်ထပ်မဲ့အကြောင်းကြီး ပြန်သတိရလာပြန်သည်။ ထိုအကြောင်းကြီးကိုပြန်တွေးမိပြီး လူကနုံးခွေသွားရပြန်သည်။

မနက်စာစားပြီးကြတော့ Ommaတို့ကလဲဒယ်ဂူပြန်ဖို့စီစဉ်နေကြလေသည်။ သူလဲJungkookက မနေ့ညကသူ့အဝတ်တွေကိုလဲစေကာအိတ်နဲ့ထုတ်ပေးနေသည်မလို့ Jungkookအခန်းထဲကကုတင်လေးပေါ်မှာ ထိုင်ကာစောင့်နေလိုက်သည်။

​သူ့ရဲ့လျှော်ထားတဲ့အဝတ်တွေကိုသေချာခေါက်လာ အိတ်ထဲထည့်ပေးနေသည့်Jungkookပုံစံဟာ နောက်ကနေကြည့်ရင်းနှင့်ပင် စိတ်လှုပ်ရှားစေသည်။

သို့သော် ထိုလူသားကလက်ထပ်သွားရင်သူနဲ့ထပ်မပက်သက်တော့ဟုတွေးမိလိုက်တိုင်းနှလုံးသားတစ်နေရာကနာကြင်ရသည်။

Jungkookကတကယ်ပဲကို သူ့ကိုမချစ်တော့ဘူးထင်တယ်။ အခုချိန်ကျမှ Jungkookကိုချစ်ပါတယ်ဆိုပြီးပြောလိုက်ရင်ရော သူ့ကိုမျက်နှာပြောင်တိုက်လိုက်တာဆိုပြီးရယ်လှောင်နေမလား။

ဟုတ်ပါသည်။ သူJungkookကိုချစ်နေတာသေချာနေသည်။ ဘယ်ချိန်ကနေဘယ်လိုစခဲ့မိလဲမသိပေမဲ့ ထိုခံစားချက်တွေက Jungkookနဲ့ဝေးတော့မှသိခဲ့ရသည်။

𝙃𝙞𝙨 𝙣𝙖𝙢𝙚 𝙞𝙨 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Where stories live. Discover now