(( 9 ))

12.1K 1.3K 94
                                    

Unicode

Ommaတို့နှင့်ညည့်တော်တော်နက်သည်အထိ အချိန်ကုန်ဆုံးပြီးတော့ မန်နေဂျာHyungကိုလာမကြိုခိုင်းနေတော့။ Jungkook Appaရဲ့ကားနဲ့သာနှစ်ယောက်တူတူပြန်ဖို့ Appaကစီစဉ်ပေးသည်။

Taehyungကပြန်ခါနီးထိ Ommoniတို့နားတအီအီလုပ်နေတာကြောင့် သူတို့မှာမနည်းချော့ပြီးခေါ်နေရခြင်းပင်။ အနုပညာရှင်တွေဖြစ်တာကြောင့် မိသားစုနဲ့တွေ့ရချိန်ကတစ်နှစ်လုံးမှာသိပ်မရှိ။

ထို့ပြင်ပိုဆိုးသည်က Taeမိဘတွေကဒယ်ဂူကဆိုတော့ အလွယ်တကူသွားတွေ့လာတွေ့လို့လည်းမလွယ်။ ထို့ကြောင့်အစ်ကိုအပေါက်စလေးက သူ့အမေနဲ့မခွဲချင်သေးဘူးဆိုပြီးသူ့ကွန်ဒိုကိုဇွတ်ခေါ်နေလေသည်။

"Ommaလို့...သားဆီနှစ်ရက်လောက်လိုက်နေပါဆို"

တစ်ဦးတည်းသောသားလေးမလို့ အိမ်ကလည်းကလေးလိုသဲသဲလှုပ်ထားတော့Kim Taehyungတို့ဂျစ်တစ်တစ်အမူအယာလေးတွေထွက်လာလေပြီ။

"သိပ်မကြာခင်ပဲပြန်တော့မှာကို ဒီကောင်လေးကတော့ဇွတ်နော် အခုလည်းအဝတွေ့ပြီးအလွမ်းသယ်ပြီးပြီကို"

"ဟာ မရဘူးဆို... Ommaမလိုက်ရင်မပြန်ဘူးနော်"

နှုတ်ခမ်းတစူစူနဲ့ သူ့အမေနဲ့ကြိတ်ကြိတ် ကြိတ်ကြိတ်နဲ့ဂျီတိုက်နေသည့်Taehyungကို ကျန်တဲ့လူကြီးတွေကသဘောကျစွာကြည့်နေကြသည်။

Jungkookကတော့အားလုံးထဲမှာ သဘောအကျဆုံး။ မျက်နှာကအူတယားယားဖြစ်နေသည့်နှယ် Hyungပေါက်စလေးရဲ့ပုံစံအသစ်ကိုမြင်ရပြန်သည်မဟုတ်ပါလား။ သူပြောပါတယ် Kim Taehyungကသူ့ကိုပုံစံအမျိုးမျိုးနဲ့ပြုစားပါတယ်ဆို။

"Ommaနောက်နေ့မှ ဖုန်းထပ်ဆက်လိုက်မယ်Taeလေးရဲ့ အခုတော့ပြန်လိုက်တော့နော် ဟိုမှာJungkookieလေးလဲစောင့်နေရတာအားနာစရာကြီးကွယ် မနက်ဖြန်လဲရှုတင်ရှိတယ်မလား"

​နောက်ဆုံးကျမှပဲ မျက်နှာငယ်လေးနဲ့Ommoniကိုဖက်နှုတ်ဆက်ပြီးခေါ်လို့ရတော့သည်။ ဒါတောင်သူ့စကားနားမထောင်လို့တဲ့ အပြန်လမ်းတစ်လျှောက်လုံးလဲမျက်နှာလေးကစူပုပ်လာသေးသည်။

Taeကိုချစ်စရာကောင်းမှန်းသိပေမဲ့ အခုလိုကလေးဆန်တဲ့အမူအယာလေးတွေရှိမှန်းတော့မသိခဲ့။ ထိုအပြုအမူလေးတွေကို သူတစ်ယောက်တည်းပိုင်ဆိုင်ချင်သည်။ သူတစ်ယောက်တည်းမြင်တွေ့ချင်သည်။ သူတစ်ယောက်တည်းမြတ်နိုးချင်သည်။ သူတစ်ယောက်တည်းကိုပဲ Taeရဲ့ပုံစံအစစ်ကိုပြသစေချင်သည်။

𝙃𝙞𝙨 𝙣𝙖𝙢𝙚 𝙞𝙨 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Where stories live. Discover now