(( 19 ))

11K 1.2K 103
                                    

Unicode

"Lee Jiwonနဲ့selcaတစ်ပုံရိုက်တင်လိုက် မင်းInstagramမှာ တွေ့ဖို့ကငါစီစဉ်ပေးမယ်"

CEOရဲ့စကားကြောင့် Taehyungမှာစိတ်ညစ်သွားရသည်။ စုတ်တချက်သပ်လိုက်ရင်း မကြားဟန်ဆောင်နေလိုက်တော့ CEOဟာသူ့ဆီမှအဖြေကိုပေတေရပ်ကာစောင့်နေပြန်သည်။

မဟုတ်သေးပါဘူး အခုလိုကုမ္ပဏီကGymထိ လူကိုယ်တိုင်ဆင်းလာပြီး ပြောရအောင်အရမ်းတွေအရေးကြီးနေလားဒီကိစ္စက။

နောက်Dramaအတွက်နည်းနည်းfitဖြစ်အောင် work outနည်းနည်းပြန်လုပ်နေရသည်မလို့ ပင်ပန်းပါတယ်ဆို နှစ်ဆပင်ပန်းအောင်အကုသိုလ်တွေလာပေးနေသည့်CEO။

Hoseok hyungကလည်းဘေးကနေရေဘူးလေးကိုင်ကာ အခြေအနေကိုအကဲခတ်နေသည်။ သူကလည်းပေတေပြီးနှုတ်ဆိတ်နေဆဲပင်။

"ဒါဆိုဒီညscheduleမရှိဘူးမလား တစ်နေရာမှာတွေ့ဖို့စီစဉ်ပေးမယ်"

"ဒီညကျွန်တော့်မိဘတွေလာမှာ မအားလောက်ဘူး"

"ဒါဆို မနက်ဖြန်နေ့လည်စာ.."

"မနက်ဖြန်နေ့လည်ကျရင်Taehyungတို့နောက်တပတ်ထဲ Because of Jeon Taehyung Fanmeetingတွက်အစည်းအဝေးရှိတယ်ဗျ"

CEOစကားမဆုံးခင် Hoseok hyungရဲ့ဝင်ရောက်ဖြတ်ပြောသံ။ CEOဟာလက်မလျှော့သေး။

"ဒီတပတ်weekendတစ်ရက်ရက်ချိန်းလိုက်မယ်ဒါဆို"

"ဒီတပတ်လုံးSeries promotionနဲ့Fanmeetingတွေနဲ့ အားတဲ့အချိန်မရှိပါဘူးဗျ"

"ကျစ် Dramaလဲစမရိုက်သေးဘူး ညပိုင်းတော့မင်းအားတယ်မလား Mondayည..."

"တိုကျိုFanmeetingအတွက်Airportဆင်းရမှာပါ အဲ့နေ့လည်းမအားပါဘူး"

သူပြောသမျှကို ပြုံးပြုံးနှင့်ဝင်ဖြတ်ပြောနေသည့်Hoseok hyungကြောင့်CEOမျက်နှာကမဲခနဲ။ ထို့နောက်တောက်တချက်ခေါက်ကာ ဘာမှမပြောပဲထွက်သွားတော့လေသည်။

CEOထွက်သွားတော့မှ Hoseokနှင့်Taehyung လက်ဝါးချင်းရိုက်ကာ အောင်ပွဲခံလိုက်ကြသည်။

"အဟီး Hyungအကောင်းဆုံးပဲ"

"စိတ်ချHyungက တို့Taehyungieလေးမျက်နှာရိပ်သိပြီးသား လာ ပြေးစက်ပေါ်ကဆင်းခဲ့တော့ အလကားတကယ်ပြေးတာလဲမဟုတ်ပဲနဲ့ Taeလုံးလေးကတော့"

𝙃𝙞𝙨 𝙣𝙖𝙢𝙚 𝙞𝙨 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Where stories live. Discover now