(( 16 ))

9.6K 1K 94
                                    

Unicode

"တောက်! ဟာကွာ!!"

'ဒုန်း'

လက်ထဲကဖုန်းကို စိတ်တိုတိုနဲ့ပစ်ပေါက်လိုက်မိတော့ dance practice roomထဲကမှန်တွေကိုသွားထိကာမှန်တွေကွဲကုန်သည်။

သူစိတ်တွေလုံးဝထိန်းချုပ်လို့မရတော့။ Because of Jeon Taehyungအတွက်ရိုက်ကူးရေးကဒီနေ့နောက်ဆုံး။ ဆယ်နာရီလောက်မှရှုတင်သွားရမည်မလို့ ကုမ္ပဏီကိုမနက်အစောကတည်းကအကလာပြီးလေ့ကျင့်နေခြင်းပင်။

အကလေ့ကျင့်နေတုန်း ဖုန်းကNotificationsသံတွေ ရုတ်တရက်ကြီးတောက်လျှောက်တက်လာသည်မလို့ ဖုန်းယူကာကြည့်မိတော့မှအမောစို့သွားရသည်။

'Kim Taehyungနဲ့Lee Jiwonတို့ရဲ့Datingကို နှစ်ဦးစလုံးရဲ့အေဂျင်စီတွေကconfirmပေး..............
............ မင်းသားနဲ့မင်းသမီးတို့ဟာ (......)ဒရာမာရိုက်ကူးရင်း ချစ်ကျွမ်းဝင်ခဲ့ကြကြောင်းပြောကြားခဲ့...'

ဘာတွေလဲ??? ဘာလို့လဲ?? မဟုတ်ဘူးလေ။ Mediaတစ်ခုကနေစတင်လိုက်သည့်သတင်းတစ်ခု။ သတင်းထွက်လာတာပင် မိနစ်ပိုင်းပဲရှိသေးသည်။

သူနဲ့မနေ့ကမှညှိနှိုင်းမယ်လို့ပြောခဲ့တုန်းပဲရှိသေးတာလေ။ အခုသတင်းဘာလဲ?? ဘာလို့အဲ့လောက်အသေအချာကြီးထွက်လာတာလဲ?

Jungkookလက်တွေတုန်လာသည်အထိ ဒေါသထွက်လာရသလိုတစ်ဖက်ကလည်းစိုးရိမ်စိတ်တွေတရှိန်းရှိန်းထိုးတက်လာသည်။

"Jungkook ah!"

ထိုအချိန်practice roomထဲအပြေးဝင်လာသည့်မန်နေဂျာHyungနှင့်Eunwoo။ သူတို့လည်းသတင်းသိပြီး အပြေးရောက်လာခဲ့ကြဟန်တူသည်။ သူ့ကိုစိတ်ပူနေသည့်မျက်ဝန်းတွေဖြင့်ကြာ့်နေကြသည်။

"ဒါဘယ်လိုဖြစ်တာလဲHyung? !! မနေ့ကCEOနဲ့ကျွန်တော်သေချာတိုင်ပင်အုံးမယ်လို့ပြောခဲ့တယ်မလား?! ဒီသတင်းကဘာလဲ တကယ်မဟုတ်ဘူးမလား?"

သွေးပျက်နေသည့်Jungkookမျက်ဝန်းတွေကိုမြင်ပြီး Eunwooတို့မှာဘာပြောပေးရမယ်မှန်းကိုမသိတော့။

အံကိုကြိတ်ကိုကာလက်သီးတွေတင်းတင်းဆုပ်လျက်ပြောနေသည့် Jungkookပုံစံဟာအမှန်ပင်နာကြင်ကြေမွနေသယောင်။

𝙃𝙞𝙨 𝙣𝙖𝙢𝙚 𝙞𝙨 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Where stories live. Discover now