🗡74🗡ဉာဏ်ကောင်းတဲ့ဝေ့ချန်

490 42 0
                                    

Chapter (74)
ဉာဏ်ကောင်းတဲ့ဝေ့ချန်

တောအုပ်ထဲမှာ ဝေ့ချန်နဲ့ သူ့အဖွဲ့။

"သခင်လေးချန် အဲဒီလူက ဝိညာဥ်ခုနှစ်မျိုးမှိုကို ရပြီးတော့ တစ်နေရာရာမှာ ပုန်းအောင်းနေမယ် ထင်တယ် သူဘယ်လိုလုပ် ပြန်လာမှာလဲ? အခုလို ပြန်လာတာက ကျွန်တော်တို့အားကို အချည်းအနှီး သုံးရာမကျဘူးလား?"

ဖိရွှယ်နယ်ပယ်ရှိ အခြားသန်မာသူ ကျန်းရန်က သူ့ပါးစပ်ကို ဖွင့်လိုက်သည်။

"လူတော်တော်များများက ဝိညာဥ်ခုနှစ်မျိုးမှိုကို တချိန်တည်း ရှာနေကြတာ ချိုင့်ဝှမ်းကြီး တစ်ခုလုံး ပိတ်ဆို့လုနီးပါးပဲ...သူလွတ်မြောက်ချင်တိုင်း လွတ်မြောက်နိုင်မယ် ထင်လား!"

ဝေ့ချန်က အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ့မျက်လုံးများထဲတွင် ဉာဏ်ပညာ အလင်းတန်းများ ထွန်းတောက်လာခဲ့သည်။

"ဝိညာဥ်ခုနှစ်မျိုးမှိုကို ဘယ်နားဖွက်ထားနိုင်မလဲ ရှာကြည့်ရအောင်....ဝိညာဥ်ခုနှစ်မျိုးမှိုက အရမ်း ရှာရခက်ခဲပေမယ့် သားရဲတိရစ္ဆာန်က အနံ့နဲ့ တခြားသွင်ပြင်တွေ အရတော့ လူသားတွေထက် သာလွန်ကောင်းမွန်တယ်... သူဒီအရာကို သယ်ဆောင်ထားသရွေ့တော့ အနှေးနဲ့အမြန်ဆိုသလို ရှာတွေ့ခံရမှာပဲ... လွန်ခဲ့တဲ့ နှစ်ရက်က ဒီလောက်ကြီးမားတဲ့ ဧရိယာထဲမှာ ရှာဖွေခဲ့တာတောင် သားရဲရဲ့ မူမမှန်တဲ့ ခြေရာလက်ရာကို ရှာမတွေ့ခဲ့ဘူး....ဆိုလိုတာက သားရဲတစ်ကောင်မှ မရှိတော့ဘူးလို့ ပြောတာပဲပေါ့!"

"ဒီကိစ္စမှာ ဖြစ်နိုင်ချေ နှစ်ခုပဲရှိတယ် ဝိညာဥ်ခုနှစ်မျိုးမှိုကို အဲဒီလူက တစ်နေရာရာမှာ စွမ်းအင်တွေ မပြန့်သွားအောင် ဝှက်ထားလို့  ဒါမှမဟုတ် တခြားသားရဲတွေ မဖြတ်သန်းနိုင်တဲ့ နေရာမှာ ဝှက်ထားလို့ပဲ.... မျက်လုံးနီ မျောက်ဝံရဲ့နေရာက တခြားသားရဲတွေ မချဉ်းကပ်ရဲတဲ့ အရပ်ပဲလေ သူ ဒီကို ပြန်မလာဘူးလို့ မင်းပြောရင် သူက ဘယ်သွားနိုင်မှာလဲ?"

"ဒါက..……"

အားလုံးက တညီတညွတ်တည်း ခေါင်းညိတ်ကြသည်။

ဝေ့ချန်က ဘာလို့ ပြန်လာတာလဲ နားမလည်ပေမယ့် အခုချိန်မှာတော့ သူတို့ရဲ့ ကြိုးစားမှုတွေကို ခိုးယူသွားတဲ့လူက ဒီနေရာကလွဲလို့ တခြားသွားစရာနေရာ မရှိဘူးဆိုတာ သိလိုက်ရ၏။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Dove le storie prendono vita. Scoprilo ora