Arc 2🗡48🗡ဝိညာဥ်လဲလှယ်ဆေး

371 36 0
                                    

Chapter (48) Arc 2
ဝိညာဥ်လဲလှယ်ဆေး

ထူးဆန်းသော အဘိုးအို၏ အပြုအမူကို မြင်တော့ လုရွှမ်က အနည်းငယ် ပြုံးလိုက်သည်။

"ဒါကို မင်းဘယ်လိုသိတာလဲ? သူလား ဒါမှမဟုတ် သူလား?"

အခန်းထဲသို့ လျှောက်လာရင်း ထူးဆန်းသော အဖိုးအိုသည် မဝေးလှသော နေရာမှ ကောင်လေးနှစ်ယောက်ကို စိုက်ကြည့်နေသည်။

အစက ဒီလူငယ်လေးဟာ သူ့ဆေးပင်တွေကို လာဝယ်တာလို့ ခံစားခဲ့ရပြီး အခုအချိန်မှသာ သူ ရှင်းရှင်းလင်းလင်း သိသွားခဲ့သည်။

"သခင်....ကျွန်တော်တို့ မဟုတ်ပါဘူး.... "

သူ့သံသယတွေကို မြင်လိုက်ရတော့ ကောင်လေးနှစ်ယောက်က ကြောက်ရွံ့ထိတ်လန့်တဲ့ အမူအရာတွေနဲ့ မြေပြင်ပေါ် ကမန်းကတန်း ဒူးထောက် ထိုင်ချလိုက်သည်။

သခင်ကို သစ္စာဖောက်ခြင်းသည် ကြီးလေးသော ရာဇ၀တ်မှုဖြစ်ပြီး သူတို့ကို နေရာတွင်ပင် သတ်ပစ်နိုင်သည်။

"သူတို့ကို အပြစ်မတင်ပါနဲ့!"

လုရွှမ်က သူမရှင်းပြရင် တစ်ဖက်လူက ရိုင်းစိုင်းစွာ တွေးနေလိမ့်မည်။ တခြားသူတွေကို အသုံးချမိရင် မကောင်းဘူးလို့ ခံစားရတာကြောင့် သူက ချက်ချင်း ပြုံးလိုက်ပြီး

"ခြံထဲကို ဝင်လိုက်တာနဲ့ မီးလောင်ထားတဲ့ အနံ့သင်းသင်းလေး ရလိုက်တာ... နဂါးပွဲတော်မြက်ရဲ့ ထူးခြားချက်ပဲ ဆေးမီးဖိုက အဝေးမှာရှိနေပေမယ့် အပြာနုရောင် အခိုးအငွေ့နဲ့ ဖုန်မှုန့်တွေ ထွက်လာတာကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရတယ်လေ...အဲဒါကလည်း ကျဲ့လန်ဆေးပင်ရဲ့ ထူးခြားချက်ပဲ.... ပြီးတော့ အငွေ့က အရမ်းပါးလွှာတယ် အဲဒါက နှစ်မပြည့်သေးတဲ့ အတွက်ပဲ မဟုတ်လား?"

"ကျဲ့လန်တွေနဲ့ နဂါးပွဲတော်မြက်တွေကို ဆေးအဖြစ် ရောနှောသန့်စင်လို့ မရဘူး....ကြားခံအနေနဲ့ သုံးတာကလွဲလို့ပေါ့ နောက်ပြီး သက်တမ်းက မမြင့်ဘူးတာမို့ ရေခဲဝိညာဉ်ကို ချေဖျက်ပေးဖို့ မစွမ်းနိုင်ဘူးလေ ဒါကြောင့် ကောက်ချက်ချရတာ သိပ်မခက်ပါဘူး"

"ဒီဆေးပင်ပစ္စည်းနှစ်ခုကို တပြိုင်နက်တည်း ပေါင်းထည့်ပြီး သန့်စင်ရတဲ့ ဆေးလုံးက အများကြီး မရှိပါဘူး.... သူတို့အားလုံးက သေမျိုးအဆင့်ကို ရောက်သွားပြီ မင်းရဲ့ စိတ်စွမ်းအား အတိုင်းအတာက ဘာကြောင့် ပြန်ကောင်း မလာသေးတာလဲဆိုတော့ အတင်းအကြပ် သန့်စင်နေလို့ဆိုတာ ရိုးရှင်းပါတယ်... မီးလောင်ထားတဲ့ အရေပြားလို အနံ့ဆိုးပဲဖြစ်ဖြစ် ကျဲ့လန်ရဲ့ မီးခိုးကြောင့်ပဲ ဖြစ်ဖြစ် အားလုံး ပေါင်းစည်းနေဖို့ လိုတယ်.. အဂ္ဂိရတ်ပညာရှင်တိုင်းက အဆင့်မြင့် ဆေးလုံးတွေကို သန့်စင်ချင်ကြတယ်...ဒါပေမဲ့  အရေးကြီးဆုံး အချက်က ဆေးဖက်ဝင် ဂုဏ်သတ္တိတွေကို ထိန်းသိမ်းထားဖို့ပဲ ခင်ဗျားရဲ့ စိတ်ဝိညာဉ်စွမ်းအား ပြန်လည်ကောင်းမွန် မလာရင် ဆေးတွေကို ဘယ်လိုမှ သန့်စင်ဖို့ မဖြစ်နိုင်ဘူး....ဒါ့အပြင် ကျုပ်လည်း ခင်ဗျားဘာကို သန့်စင်နေလဲ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး...." 

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now