Story 9

1.6K 94 9
                                    

Unicode
................

နေ့လည်နှစ်နာရီအချိန်တွင် လေးညှို့တို့ကျောင်းတွင်း အားလပ်ချိန်ဖြစ်ပြီး ထိုအချိန်များတွင် သက်ဆိုင်ရာကလပ်သို့သွားကြရသည်။ ပထမနှစ်ကျောင်းသားများသည် ယနေ့တွင်စီနီယာများနှင့် မိတ်ဆက်မှုများပြုလုပ်မည် ဖြစ်သောကြောင့်ပင်။

လေးညှို့ ပြဿနာဖြစ်ပြီးနောက်ပိုင်း ထိုကျောင်းသားအုပ်စုက သူ့အားမကျေနပ်ကြသည်ကို သိသော်လည်း မသိချင်ယောင်သာဆောင်နေမိသည်။ မိမ်ိအသားနာခဲ့ရသည်မို့ ထိုကျောင်းသားတွေ ဆရာမအပြစ်ပေးခြင်းခံရသည်က နည်းတောင်နည်းနေသေးသည်လေ။

လေးညှို့ အတန်းထဲမှလျင်မြန်စွာ ထွက်လာမိသည်။ မဟုတ်လျှင် ထိုကျောင်းသားအုပ်စု၏ ရိုက်နှက်ခြင်းကို ခံရလောက်သည်။ ခြေလှမ်းများခပ်သွက်သွက်လျှောက်အပြီးမှာတော့ ကျောင်းကောင်စီရုံးခန်းဆိုသည့် တံခါးဝရှေ့သို့ ဆိုက်ရောက်လာခဲ့သည်။

" တစ်စိတ်လောက်... ဝင်ခွင့်ပြုပါဗျ။"

"ဪ... ဝင်ခဲ့ပါနော်... လာ မောင်လေး"

လေးညှို့အခန်းတွင်းသို့ ဝင်လိုက်သည်နှင့် ကြီးမားသည့် ဖိအားတစ်ခုကို ခံစားလိုက်ရလေသည်။ အခန်း၏ထောင့်ဆုံးတွင် ထိုင်နေသူက မျက်နှာကြီးဆူပုတ်နေပြီး လေးညှို့ကို ဘေးတစ်စောင်းလှည့်ကာ လျစ်လျူရှုထားလေသည်။

ထိုသူက ခန္ဓာကိုယ်က အနည်းငယ် ဝဖိုင့်ဖိုင့်ဖြင့် ရုပ်ရည်ကတော့ သိပ်ပြီးပြီးပြည့်စုံမနေချေ။ အရံဇာတ်ကောင်လေး ဆိုတော့လည်း ဒီလောက်တော့ရှိမှာပေါ့လေ။

မဟာသည်လည်း ထိုအခန်းထဲသို့ရောက်နေပြီဖြစ်ပြီး အားလုံးလူစုံသွားတာကြောင့် စတင်မိတ်ဆက်တော့သည်။

" အဟမ်း... ဒီနေ့ကတော့ အထွေအထူးခေါ်လိုက်တာက ဘာရယ်မဟုတ်ဘူး။ ဒီနှစ်ပထမနှစ် အသစ်ဝင်လာတဲ့ကလေးတွေနဲ့ မိတ်ဆက်ပေးချင်လို့ ခေါ်လိုက်ရခြင်းပါ။ ကိုယ်ကတော့ ကျောင်းကောင်စီရဲ့ ဥက္ကဌ သွေးသစ္စာညီပါ။ တွေ့ရတာဝမ်းသာပါတယ်"

" အစ်မနာမည်က လှဂမုန်း‌ခြယ်ပါ ကျောင်းကောင်စီအဖွဲ့ရဲ့ ဒုတိယဥက္ကဌ။ ဒီဘက်ကတော့ ပန်းဟေမာန်သွယ် နဲ့ လင်းမြတ်ထည်ဝါ။"

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now