Story 22

1.5K 77 3
                                    

Unicode
.................

ဝန်ထမ်းများအားလုံးကို ဌာနအလိုက်‌ သက်ဆိုင်ရာ ခေါင်းဆောင်များ ခေါ်ယူကာ အစည်းအဝေးကို သုံးနာရီနီးပါးကြာအောင် ပြုလုပ်လေသည်။ လေးညှို့ကတော့ သူအဆူမခံရ၍ ပျော်ရွှင်လို့နေလေသည်။

လေးညှို့ပြောပါတယ်။ ဘောစိလေးက စိတ်ကောင်းရှိပါတယ်လို့။

ထိုအချိန် အစည်းအဝေးပြီးဆုံးသွားသဖြင့် ဌာနသို့ပြန်လာသော အစ်မရတီဖူးပွင့်က လေးညှို့အားခေါ်လေသည်။

"ညှို့လေးရေ"

"ဗျာ... "

"စီအီးအို ခေါ်နေတယ်။ ရုံးခန်းထဲကိုလာခဲ့ပါတဲ့"

*ငင့်... ခေါ်ပြီဟ။ ခုနကစကားပြန်သိမ်းတယ်။ စီအီးအိုက စိတ်ကောင်းမရှိဘူး*

လေးညှို့ အင်တင်တင်ဖြင့် ပြန်မေးလိုက်သည်။

"ဘာဖြစ်လို့လဲဟင်"

"မသိဘူးအေ။ မနက်က ညှို့လေးနောက်ကျလို့များ ခေါ်ဆူမို့လားမသိဘူး"

"ဟာ... မမ ပါးစပ်ပုတ်ကြီးနဲ့... ဖွ...ဖွ.. လွှဲပါစေ၊ ဖယ်ပါစေ"

"ငါလည်း မသိလို့ပြောတာလေ။ သွားကြည့်သိမယ်။ ငါတို့တော့ အစည်းအဝေးခန်းထဲမှာ အဆူခံလိုက်ရပြီ။ ဂျာကြီးဆို လှုပ်တောင် မလှုပ်နိုင်ဘူး"

"အဲ့လောက်တောင် ဆူတာလား"

"ဟုတ်တယ်။ စီအီးအိုက အသက်ငယ်ငယ်လေးရယ်။ ညှို့လေးနဲ့ မတိမ်းမယိမ်းပဲတဲ့"

"အမ်... အဲ့လောက်တောင်လား"

"ဟုတ်ပါ့"

"ဒါဆို နင်နဲ့ငါနဲ့ပဲ ပြောလို့ရတာပေါ့"

"ဟဲ့... အသက်တူပေမဲ့ အဲ့လိုကြီးသွားမပြောနဲ့လေ။ ဟိုက ကိုယ့်သူဌေးလေ လေးလေးစားစားဆက်ဆံရမှာပေါ့"

"ဟွန့်... မသိဘူးလေ။ အသက်တူတော့ ပေါင်းလို့ရမလားလို့။ မိဘချမ်းသာလို့ ကြီးပွားနေတာကို ညှို့ကတော့ အထင်မကြီးပါဘူး"

"ဪ... ဒီကလေးနဲ့တော့ ခက်တော့တာပဲ။ ဟိုကချမ်းသာလို့ ကြီးပွားတာမဟုတ်ဘူး။ သူကိုယ်တိုင်ကိုက ငယ်ငယ်ရွယ်ရွယ်နဲ့ အရည်အချင်းရှိလို့ အောင်မြင်တာ။ လူတစ်ယောက်ကို အပြင်ပိုင်းကြည့်ပြီး မဝေဖန်ကောင်းဘူးကွဲ့"

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now