Story 12

1.5K 90 5
                                    

Unicode
...............

ကျောင်းဆေးပေးခန်းတွင် ဆရာဝန်မလေးက ခြေဆစ်လွဲသွားသည့် လေးညှို့အား ပတ်တီးစီးပေးပြီး ပြန်လွှတ်လိုက်တော့သည်။ ငိုမဲ့မဲ့ဖြစ်နေသော လေးညှို့က ထော့နဲ့ထော့နဲ့ဖြင့် ဆေးပေးခန်းမှ ထွက်လာကာ တဖြည်းဖြည်းချင်းလျှောက်လာလေသည်။

ဘေးနားတွင်လည်း မဟာကကူညီပြီးတွဲပေးထားလေသည်။

''အဆင်ပြေရဲ့လား... လမ်းလျှောက်တာကောရရဲ့လား''

''မပြေရင် ချီသယ်ပေးမလို့လား''

''အမ်''

''မသိဘူးလေ... ဒီစကားပဲ ခဏခဏလာမေးနေလို့ ချီသယ်သွားမယ်ထင်လိုက်တာ''

''အဟမ်း... မင်းကိုကြည့်ရတာ အတော်နာမယ်ထင်လို့...ငါ...''

ထစ်အ,စွာပြောအပြီးမှာ လေးညှို့အား စွေ့ခနဲကောက်ပွေ့လိုက်လေသည်။ ရုတ်တရက် ကောက်ချီလိုက်တဲ့မဟာကြောင့် လေးညှို့လန့်သွားကာ အမေတ, မိသွားသည်။

''အမေ့...''

'' ဒီတစ်သက် အိမ်မပြောနဲ့ ကျောင်းရှေ့တောင် ရောက်နိုင်မယ်မထင်လို့။ သယ်ချင်လို့သယ်တာမဟုတ်ဘူးနော်... ဒီတိုင်းသနားလို့''

လေးညှို့ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီးနောက်...

''အောင်မှာ... ဘယ်သူကလည်း သယ်ခိုင်းနေလို့လဲ... ပြန်ချပေး..ငါ့ကို... မင်းသနားစရာအဖြစ်မျိုး ဘာလို့အဖြစ်ခံရမှာလဲ။ ရူးနေလို့လား။ ငါ့ကို ပြန်ချပေးလို့ဆို...အားးးး''

မဟာ့ရင်ခွင်ထဲမှာ လှုပ်လှုပ်ရွရွဖြင့် အတင်းကာရော ရုန်းကန်နေသော လေးညှို့ကြောင့် အောက်သို့ပြုတ်မကျအောင် မနည်းထိန်းလိုက်ရသည်။

''ဟိတ်...ဟိတ်... အရမ်းမရုန်းနဲ့လေ... အကုန်ပြုတ်ကျကုန်တော့မှာပဲ''

''ကျကျပေါ့... ငါဆင်းပါမယ်ဆိုနေ''

''ကျစ်... အာရုံပဲနော်...မင်းကတော့''

''ဘာဖြစ်လဲ...မကျေနပ်ဘူးလား..''

အကြောင်းအရင်းမရှိ ရန်ရှာနေသော ကြောင်ပေါက်လေးကြောင့် မဟာနှုတ်ခမ်းက ကွေးညွတ်သွားကာ ပြုံးလိုက်မိသည်။

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now