Story 14

1.5K 81 10
                                    

Unicode
...............

လေးညှို့ စာသင်နှစ်တစ်နှစ်ကုန်ဆုံးသွားချိန်မှာတော့ နွေရာသီကျောင်းပိတ်ရက်ရှည်ကြီးကိုဖြတ်သန်းရလေသည်။ လွန်ခဲ့သော ခြောက်လတုန်းက ဖခင်ဖြစ်သူ၏ကန့်ကွက်မှုကြောင့် စေ့စပ်ပွဲကိုဖျက်သိမ်းရန် အကြောင်းဖန်လာခဲ့သည်။

သို့သော် လေးညှို့ကတမင်သက်သက်ကစားပွဲကို လွယ်လွယ်အဆုံးမသတ်ချင်၍ ကြိုးရှည်ရှည်ဖြင့်လှန်ထားကာ စေ့စပ်ပွဲကိုမဖျက်သိမ်းသေးဘူးဟု စကားပလ္လင်ခံထားလေသည်။ ထိုကိစ္စများကို လေးညှို့တို့သားအမိ၊သားအဖ သုံးယောက်သာသိကြပြီး ညှို့သက်ကို မသိစေခဲ့ချေ။

ခြောက်လအတွင်းရင်းနှီးကျွမ်းဝင်ခဲ့သူလည်းရှိခဲ့သည်။ ထိုသူကတော့ စာတော်ပြီးသဘောကောင်းသော လေးညှို့၏တစ်ဦးတည်းသောသူငယ်ချင်း မင်းရောင်ခြယ်ပင်ဖြစ်သည်။ ကျောင်းအားကစားပွဲက ထင်သည့်အတိုင်းပင် လေးညှို့အားရည်ရွယ်ချက်ရှိရှိလုပ်ကြံသည်ဟုကြားသိလိုက်ရပြီး ထိုကျောင်းသားကိုလည်း မှင်နီတားကာ ကျောင်းထုတ်လိုက်ကြသည်။

St.Victoria ၏အမှန်တရားဘက်ကရပ်တည်သော လူသားဆန်သည့်အပြစ်ပေးမှုပင်။ သေးငယ်သည့်ပြစ်မှုဖြစ်စေ၊ ကြီးလေးသည့်ပြစ်မှုဖြစ်စေ ထိုက်သင့်အလျောက် အပြစ်ပေးတတ်သည့်ကျောင်းတွင် ကျောင်းတွင်းအနိုင်ကျင့်မှုကိစ္စကိုတော့ မည်သူမျှခွင့်မလွှတ်ပေ။ ထိုသူကသမ္မတကြီး၏ သားတော်မောင်ဖြစ်နေရင်တောင်မှ အခွင့်အရေးမပေးပေ။

ထို့ကြောင့်လည်း အနာတရဖြစ်စေသောကျောင်းသားအတွက် ကျေနပ်စေရန် နှစ်ခါပြောစရာပင်မလိုအောင် မှင်နီအတားခံလိုက်ရတော့သည်။

နွေရာသီကျောင်းပိတ်ရက်အတွင်း လေးညှို့အပြင်တွေထွက်မလည်ဖြစ်ခဲ့။ အိမ်တွင်းအောင်းကြွက်ကလေးလိုပင် အိမ်ထဲမှအိမ်ပြင်သို့မထွက်ခဲ့ချေ။ လေးညှို့ ပျင်းလျှင်တော့ မင်းရောင်ခြယ်ကိုဖုန်းဆက်ခေါ်လေ့ရှိပြီး သူကလည်းအားတိုင်းလာလည်လေ့ရှိသည်။

မဟာကတော့ ခြံချင်းကပ်လျက်ဆိုတော့ နေ့တိုင်းမမြင်ချင်ပဲ မြင်နေရသည်။ လေးညှို့အိမ်သို့မကြာခဏလာလည်သော်လည်း လေးညှို့ကတော့ အတွေ့မခံ။ အခန်းထဲ၌ လော့ခ်ချကာနေလေ့ရှိပြီး တစ်ခါတစ်ရံ မင်းရောင်ခြယ်နှင့်အတူ ဂိမ်းဆော့လေ့ရှိသည်။

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now