Old Love-11

4K 149 13
                                    

အရွယ်လွန် အချစ်💓
Old Love  -11

“ကျွန်မက နူတ်လုံ နေသလောက် ကိုမျိုးက သိပ်နူတ်ဖွာနေတာပဲနော်..”

“ကိုယ်ဘာလုပ် လို့လဲ ခင်ခင်..”

“အို… ဘာလုပ်ရမလဲ.. နှိပ်ပေးတာ ညက နေ နေ့မကူး သေးဘူး..

အမေဆီက ဖုန်းပြန်၀င်လာတော့ ချက်ချင်း ကြေညာ ရိုက်ပစ်တာလေ..

ခင်ခင် ကို ကျွန်တော် နှိပ်ပေးရတာလေ ဘာလေးနဲ့ ..”

“ဟာကွာ .. အဲ့ဒါကတော့ ယောက္ခမကြီးက မြင့်မြင့်ခင် ထိုးမုန့် လမုန့်

ရွှေကျီဆနွင်းမကင်း ၀ယ်ထည့် ပေးလိုက်တဲ့ မျက်နှာကြောင့် လေ..”

“အို .. မဆီမဆိုင် ..”

“ဆိုင်တာပေါ့ မိန်းမရဲ့ … ယောက္ခမကြီးက သူ့သမီး အချောလေး ကိုယ်က ယုယတယ်ဆိုတာ သိမှ ကိုယ့်ကိုပိုရက်ရော မှာပေါ့ ဟုတ်ဖူးလား..”

“အမေက ‌သဲသဲ ကို ပြန်ပြောပြ .. သဲသဲကနေ မဝါတို့ကို ပြန်ပြောပြမှာ မစိုးရိမ်ဘူးလား ..”

“မစိုးရိမ်ပါဘူး ကွာ … ယောက္ခမကြီးက နူတ်လုံပြီသား ဒါပင်မယ့် မုန့်ညင်းချဉ်တော့ ပြန်ပို့ရမယ်တဲ့ ဟဲ ဟဲ ..”

“ကဲ... အမေကလည်း  မုန့်ညင်းချဉ် တွေ နေ့တိုင်းများ ချက်စားနေလားမသိ အဖေကတော့ ပြောတော့မှာပဲ ..”

“မပြောပါဘူးကွာ .. ခင်ခင် အဖေကလည်း ဒီမုန့်ညင်းချဉ်ကြိုက်တယ်တဲ့..”

“အင်း .. ဟုတ်တော့လည်း ဟုတ်ပါတယ်လေ ..

အဖေက မုန့်ညင်းချဉ်ထဲက မုန့်လာဥနီ တွေနဲ့ အခြား အစာပလာ တွေများတာ သိပ်မကြိုက်တာ ..

ဟိုနေ့က ကိုမျိုး၀ယ်လာတဲ့ မုန့်ညင်းချဉ်ကတော့ မုန့်ညင်းရွက်ကလေးတွေချည်းပဲ ကောင်းလိုက်တာ ..

အဖေ ကြိုက်လောက်တယ် … ကြက်သား နဲ့ ရောချက်‌ကျွေး  တော်တော်စား‌ ကောင်းမှာ ..

ဒါနဲ့  ကိုမျိုး အဲ့ဒါက ဈေးထဲက ၀ယ်လာတာ မဟုတ်ဖူးမို့လား ..”

“အင်း ..မဟုတ်ဖူးလေ .. ကိုယ် ကျောက်၀ယ်ဆင်းရင် ရွာဖက်က ၀ယ်လာတာ ..”

Old Love ( အရွယ်လွန် အချစ် )Место, где живут истории. Откройте их для себя