အရွယ်လွန်အချစ်💓
Old Love-29ဂနာမငြိမ် လူပ်ခတ်နေသော ကိုမျိုးကို ခင်ခင်က
“အို .. ကိုမျိုး ဘယ်လိုဖြစ်နေသလဲ ..”
သူ့ကိုသာ ဆူနေရတယ် ။ခင်ခင် ကိုယ်တိုင်လည်း မတည်ငြိမ်နိုင်။
အိပ်ရာ၀င်တော့လည်း လင်မယား နှစ်ယောက်စလုံးတစ်ယောက်မှ အိပ်မပျော်။
ခင်ခင်က ဟိုဘက် မျက်နှာ လှည့်အိပ်၊ ဒီဘက် မျက်နှာလှည့်အိပ်။
ကိုမျိုးက သက်ပြင်းချရင် သူ့မိန်းမ ခါး လိုက်လိုက်ဖက် နေသည်။
ညသန်းခေါင်ယံ ရောက်မှ ခင်ခင် သူ့ကို ကောက်ခါငင်ခါ ထမေးလိုက်သည်။
“ကိုမျိုး ကျွန်မ တစ်ကယ် ကလေးရတာ ဖြစ်နိုင်လားဟင်..”
“ဟောဗျာ ..ဘယ်လို မေးလိုက်တာလဲ၊ ဖြစ်နိုင်တာပေါ့ ခင်များကယောင်္ကျားနဲ့ ညတိုင်း အိပ်ပြီ ၊ ခင်များကိုယ်ခင်များ အပျိုကြီးလို့များအောက်မေ့နေတာလား ..”
“ဟောတော် ၊ ကိုမျိုးကလည်း ဘယ်လိုကြီး ဖြေလိုက်တာလဲ ၊ရိုးရိုးပြောပါ၊ယောင်္ကျားရင်ခွင်ထဲ ၀င်အိပ်နေတဲ့ ကျွန်မကိုယ်
ကျွန်မ အပျိုကြီးလို့ တွေးပါ့မလား ..”“မသိဘူးလေဗျာ ၊ ယောင်္ကျားယူထားပြီ ကလေးရတာ တစ်ကယ်
ဖြစ်နိုင်လား မေးတော့ ၊ခင်များ ယောင်္ကျား ကျွန်တော်က အလကား..ရတာ ဖြစ်မှာပါ မိန်းမ ရာလို့ ပြောပေး ရမလား ..”
“အို ကိုမျိုးကလည်း ကတ်သီးကတ်ဖဲ့ ကြီး .. ကျွန်မက စကားအဖြစ်
မေးကြည့်တာပါ ..”“ကိုယ်ကလည်း စကားအဖြစ် ပြောတာပါကွာ ၊ မိန်းမ လိုပဲ ကိုယ်လည်း စိတ်ထဲမတင်မကျ ဖြစ်နေတာ ၊ မိုးတွေသာ မရွာရင် မိန်းမ ကိုခေါ်ပြီ ညတွင်းချင်း သွားစစ် ပလိုက်ချင်တယ် ..”
“ကျွန်မလည်း သိချင် လို့ရူးတော့မယ် ၊
ဆရာမကလည်း ဇာတ်ကားထဲကလိုနားကြပ်ကလေးနဲ့ စမ်းသပ်ပြီ ဂုဏ်ယူပါတယ် ကလေး ရှိနေပြီ
ဘာညာ လို့လည်း တန်းမပြောဘူးနော် ..မတင်မကျ OG ဆီ သွား လိုက်ပါအုံးတဲ့ ..
အင်း .. သေချာ အောင် လို့ နေမှာပေါ့ ။
ရမ်းကု တာမှ မဟုတ်တာ။
YOU ARE READING
Old Love ( အရွယ်လွန် အချစ် )
Romanceအသက်လေးဆယ်ကျော် ခမည်းခမက် လူပျိုကြီး နဲ့ အပျိုကြီး ရဲ့ ဖူးစာ