အရွယ်လွန် အချစ် 💓
Old Love -13
သူမ၏ အားကိုးရာ ကိုရိူင်း ပြန်သွားသည်နှင့် ၀တ်မူန်က နည်းနည်းတော့ မျက်ခုံး လူပ်နေပုံရသည်…
မျက်ခုံးလူပ်နေသည်ဟု ထင်ရ သော်လည်း သူမ လေးကလည်း ‘စ’တော့ မခေပါ ..
ဧည့်ခန်းထဲက အမျိုးသမီး သုံးယောက် ကိုတော့ မျက်နှာခပ်တင်းတင်းဖြင့်
သူမက အထက်ကနေ ရှိနေသလို မျက်၀န်းများ နှင့် စိုက်ကြည့်သည်..
ဦးကျော် နှင့် ကိုမျိုး ကို တော့ သူမက အသနားခံ နေသလို မျက်၀န်းကလေးများ နှင့်ကြည့်သည်…
အမျိုးသမီး သုံးယောက်ထဲက ညီမနှစ်ယောက်ကတော့ ၀တ်မူန်ကိုကြည့်ပြီ
တော်တော်စိတ်ပျက်စရာ ကောင်းတဲ့ ဟာမလေး..
တော်တော် ဂြိုလ် မွှေတဲ့ ကောင်မလေး..
ဒီဟာမလေးနဲ့ မင်္ဂလာ မဆောင်ဖြစ်လို့ တော်ပါသေး ဆိုပြီစိတ်ထဲကနေ တဗျစ်တောက်တောက် ဆိုနေသည်..
မခင်မျိုးကတော့ သူမ နှင့် ကောင်မလေးကို လင်လုဖက် သဖွယ် အကြည့်ခံရမည်ကို ရှက်ရွံ့ မိသည်မို့ တတ်နိုင်သမျှ ကောင်မလေးကို မျက်နှာလွှဲပြီ သူမ ခင်ပွန်းမျက်နှာကိုသာ အကဲခတ်ကြည့်နေသည်...
ဒေါသကြီးနေသည့် ကိုမျိုးကို ဦးကျော်က ငြိမ်သက်သွားအောင် စကားလေးတစ်ခွန်းသာ ပြောလိုက်သည်..
“မျိုးကြီး မင်းနဲ့ ရိူင်းသူ က ဆိုးတူ မိုက်ဖက် သာ ပေါင်းလို့ရကြတာကွ
ဆိုးတူ ကောင်းဖက် ပေါင်းလို့မရဘူး ...”
ဦးကျော် စကားကြားသည် နှင့် အမျိုးသမီး သုံးယောက်က မှန်လိုက်လေခြင်း မှန်လိုက်လေခြင်းလို့ ခေါင်းညိတ်သူကညိတ် မျက်နှာကလေးမော့ မျက်တောင်ကလေးခတ်ပြီ ထောက်ခံသူက ထောက်ခံဖြင့် ဧည့်ခန်းထဲ တိတ်ဆိတ်နေသည်...မျိုးကျော်သူကတော့ ဦးကျော် စကားကြောင့် ငြိမ်သက်ပြီ ကိုရိူင်း နဲ့သူကြားက ဆက်ဆံရေးကို ပြန်တွေးကြည့်သည်...
စားသောက်ဆိုင် ၊ဘိလက်ယက်ခုံ ၊ ကေတီဗွီ အစရှိသည့် အသောက်အစားပွဲ သွားလေရာတိုင်းမှာ ကိုရိူင်း နှင့်သူက စကားများရန်ဖြစ်လျှင် အတူတူ ဖြစ်ပြီ အတူတူဆိုး ကြသည်..
အခြားမြို့ကို အလည်သွားရင် ကောင်မလေးတွေရဲ့ အစ်ကိုတွေ ကောင်လေး တွေနဲ့ ငြိ
လာရင်တောင် အတူတူ မိုက်ကြေးခွဲ ရှင်းရဲကြသည်...
STAI LEGGENDO
Old Love ( အရွယ်လွန် အချစ် )
Storie d'amoreအသက်လေးဆယ်ကျော် ခမည်းခမက် လူပျိုကြီး နဲ့ အပျိုကြီး ရဲ့ ဖူးစာ